ငွေရှာနည်းနှင့်ပတ်သက်သောပို့များ

Monday, January 27, 2014

MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသို့လွှဲနည်း

MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသို့လွှဲနည်း

ကဲ...အခု MyanPay ဆိုတဲ့ မြန်မာပြည်တွင်း Online Payment System အကြောင်းပြောတော့မယ်ဗျာ...အဓိကပြောမှာကတော့ အင်တာနက်ကနေရလာတဲ့ ပိုက်ဆံတွေကို
PayPal ကနေတစ်ဆင့် တကယ့်ငွေသားကိုယ့်လက်ထဲရောက်အောင် ထုတ်ဖို့အတွက် MyanPay ဆိုတာ သုံးကိုသုံးရမယ်ဗျာ..ကျနော်အခုအဓိကရေးမှာကတော့ MyanPay
ကနေ မိမိရဲ့ မြန်မာဘဏ်အကောင့်ထဲကိုငွေဘယ်လိုလွှဲမလဲဆိုတာပါဘဲ..ဒါကိုဘဲအဓိကထားရေးသွားပါ့မယ်... အရင်ဆုံး မိမိနဲ့ နီးစပ်တဲ့ ဘဏ်တစ်ခုခုကနေလုပ်ထားတဲ့ ဘဏ်စာအုပ်
ရှိရပါ့မယ်..ဘဏ်စာအုပ်လုပ်တာကလဲ တစ်ထောင်လောက်ပဲကုန်ကျတာပါ.. ဘဏ်စာအုပ်ရပြီဆိုရင် ဘဏ် Account ရပါ့မယ်..အဲဒီဘဏ်အကောင့်ထဲကို ငွေလွှဲရမှာဖြစ်ပါတယ်။
အိုကေစမယ်..အရင်ဆုံး MyanPay Account လုပ်ဖို့အတွက် www.myanpay.com.mm ကိုသွားလိုက်ပါ..ပြီးတာနဲ့ Create MyanPay Account ကိုနှိပ်လိုက်ပါ
Create Personal Account ကိုရွေးပါ
ပြီးတာနဲ့ Register လုပ်ရပါ့မယ်..သူမေးထားတဲ့အတိုင်း အောက်ပါပုံကိုသေချာကြည့်ပြီးဖြည့်ပေးပါ .. ပြီးတာနဲ့ မိမိထည့်ထားတဲ့ ဖုန်း နဲ့ မိမိ Register လုပ်ထားတဲ့ Email Account ထဲသို့ Register Code ပို့ပေးပါလိမ့်မယ်...အဲဒါကို ရိုက်ထည့်ပြီး Activate လုပ်ရင် MyanPay Account ( Unverified ) တစ်ခုရပါပြီ။ ပြီးတာနဲ့ Login ၀င်လိုက်ပါ
Login ၀င်လိုက်တာနဲ့ Unverified ကိုတွေ့ပါမယ်..Verified ဖြစ်ဖို့အတွက် အောက်ဖော်ပြပါ ပုံပါ လိပ်စာသို့ ဖုန်းဆက်ပြီး အကြောင်းကြားရပါ့မယ်..သို့မဟုတ် ငွေတစ်ထောင် သွင်းရပါမယ်..သို့မဟုတ် မိမိရဲ့မှတ်ပုံတင် Scan ဖတ်ထားတာကို သူတို့ရဲ့ Mail လိပ်စာဖြစ်တဲ့ support@myanpay.com.mm ကို ပို့ပေးရပါ့မယ်.. အကောင်းဆုံးကတော့
ဖုန်းအရင်ဆက်ပါ..မိမိအကောင့်ဖွင့်ထားကြောင်းပြောပါ.. verified လုပ်လိုကြောင်းပြောပြီး သူတို့ရဲ့ညွှန်ကြားချက်အတိုင်း လုပ်လိုက်ပါ...ဒါဆိုရင် Verified ဖြစ်သွားမှာပါ..ကျွန်တော်ကတော့ ကျွန်တော့်မှတ်ပုံတင်ကို Scan လုပ်ပြီးပို့ပေးလိုက်တာ 24 နာရီအတွင်း Verified ဖြစ်သွားပါတယ်..ကဲ..Verified ဖြစ်ပီဆိုမှတော့သောင်းကျန်းလို့ရဘီ .. :D
ကဲ..အခုမိမိရဲ့အကောင့်က Verified ဖြစ်သွားပြီ..မိမိမှာ ဘဏ်စာအုပ်လဲရှိပြီဆိုရင် ဘာဆက်လုပ်မလဲဆိုတော့ ဘဏ်စာအုပ်ထဲက Account Number ကို MyanPay ထဲထည့်မှာပါ..ဘယ်လိုထည့်မလဲ..အောက်ကပုံကိုကြည့်ပါ.. တစ်ခုသတိပေးချင်ပါတယ်.. ဘဏ်စာအုပ်မှာ Aung San ဆိုပြီးလုပ်မယ်ဆိုရင် MyanPay မှာလဲ Aung San ဆိုပြီး
လုပ်ပါ..သူတို့ဘက်က ငွေလွှဲလို့ နာမည်မတူရင် ရစ်ပါတယ်..အဲဒါကြောင့်တူတူလုပ်ပါ။ အိုကေအောက်က ပုံကိုကြည့်ပါ။
Withdraw ကိုနှိပ်ပါ... Withdraw to Bank Account ကိုနှိပ်ပါ.. ပြီးတာနဲ့ Add your Bank Account Information ကိုနှိပ်လိုက်ပါ။
ပုံမှာဆိုရင် မိမိ ဘဏ်အကောင့် (Or) ဘဏ်စာအုပ်လုပ်ထားတဲ့ ဘဏ်အမျိုးအစားကိုရွေးပါ..ကျွန်တော်ကတော့ KBZ မှာလုပ်ထားလို့ KBZ Bank လို့ဘဲရွေးလိုက်ပါတယ်..
အောက်က Bank Branch Name ကတော့ ဘဏ်ခွဲအမည်ပါ..ကျွန်တော်က နေပြည်တော် ပေါင်းလောင်းနားမှာနေတာဆိုတော့ Naypyidaw Branch (2 ) လို့ရွေးချယ်ပေး
လိုက်ပါတယ်.. အောက်က Bank Account Number မှာတော့ မိမိဘဏ်စာအုပ်ထဲမှာပါတဲ့ Account Number တွေကို ရိုက်ထည့်ပေးလိုက်ပါတယ်... ပြီးတာနဲ့ Add New ကိုနှိပ်ပေးလိုက်ပါ..ဒါဆိုရင မိမိရဲ့ ဘဏ်အကောင့် MyanPay အတွင်းထည့်သွင်းခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ ကဲ.. ငွေထုတ်တဲ့နည်းစတင်ပါတော့မယ်... ထုံးစံအတိုင်း Withdraw >> Withdraw to Bank Account ကိုနှိပ်လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါမယ်..
အဲဒီနေရာမှာ Select Bank Account ရဲ့ ဘေးနားက မြှားလေးကို တစ်ချက်နှိပ်လိုက်တာနဲ့ စောစောက မိမိထည့်သွင်းခဲ့တဲ့ မိမိရဲ့ ဘဏ်အကောင့်နံပတ်က အလိုလိုကျလာပါ
လိမ့်မယ်..အဲဒီအပေါ်ကိုရွေးချယ်လိုက်ပါ..ဒါဆိုရင်အောက်က ပုံအတိုင်း Bank Information ကျလာပါလိမ့်မယ်။
ကဲ..ကျလာပြီဆိုရင် မိမိလွှဲပြောင်းလိုတဲ့ မိမိရဲ့ Account Balance ထဲမယ်ရှိတဲ့ ငွေပမာဏကို ရိုက်ထည့်လိုက်ပေါ့..ပြီး၇င် Withdraw ဆိုတာကိုနှိပ်လိုက်ပေါ့။ အောက်က ပုံကို
ဆက်ကြည့်လိုက်ပါဦး။
ပုံမှာဆိုရင် ငွေကို ဘဏ်အကောင့်ထဲသို့ချက်ချင်းးမလွှဲသေးဘဲ Pending ( ဆိုင်းငံ့ ) နေတာကိုတွေ့ရပါလိမ့်မယ်...ဒီအချိန်မှာဘာလုပ်ရမလဲဆိုရင် MyanPay ကိုဖုန်းဆက်ပြီး
ငွေလွှဲထားတဲ့အကြောင်းအပြည့်အစုံကိုပြောပြလိုက်ပါ..သူတို့ဘက်က ချက်ချင်းလုပ်ပေးပါလိမ့်မယ်..နောက် သုံးလေးနာရီအတွင်း သက်ဆိုင်ရာဘဏ်ကနေ လူကြီးမင်းရှင့် လူကြီးမင်းရဲ့ အကောင့်ထဲကို ဘယ်လောက်ရောက်နေပါပြီဆိုပြီး ဖုန်းဆက်လာပါလိမ့်မယ်ခင်မျာ.. :D ကဲ..ဒါကတော့ဗျာ..အင်တာနက်ပေါ်ကနေငွေရှာနေတဲ့ ကျနော်တို့ ငွေဘယ်လိုအဆင့်ဆင့်ဖြတ်ထုတ်လာတယ်ဆိုတာရေးပြလိုက်တာပါဘဲ.....အားလုံးဘဲအဆင်ပြေမယ်မျှော်လင့်ပါတယ်ခင်ဗျာ...

MyanPay အသုံးပြုပြီးအင်တာနက်မှတစ်ဆင့်ဖုန်းကဒ်ဝယ်နည်း

MyanPay အသုံးပြုပြီးအင်တာနက်မှတစ်ဆင့်ဖုန်းကဒ်ဝယ်နည်း

အားလုံးဘဲ မင်္ဂလာပါ...အခုအင်တာနက်ပေါ်မှာ ငွေရှာနည်းတွေ ပလူပျံနေတာကို တော်တော်များများသိကြမယ်ထင်ပါတယ်... ဟုတ်ပီ... အင်တာနက်ပေါ်မယ် ငွေရှာကြတယ်..ရလာတဲ့ငွေတွေကိုဖုန်းကဒ်ဘယ်လို ပြန်ဝယ်မလဲ.... မသိသေးတဲ့သူများအတွက် နည်းလမ်းပြလိုက်ပါတယ်.. ဒီနေရာမယ် မေးစရာတစ်ခုရှိတယ်
အင်တာနက်ပေါ်က ရတဲ့ငွေတွေက ဒေါ်လာနဲ့ရတယ် အဲဒီဒေါ်လာတွေနဲ့ဘယ်လိုဖုန်းကဒ်ဝယ်မှာလဲ ? ဖုန်းကဒ်ကတော့ မြန်မာငွေနဲ့ဝယ်ရတာပါ.. ဘယ်လိုဝယ်ရသလဲဆိုရင်... လိုအပ်ချက်တွေအနေနဲ့...

မိမိမှာ MyanPay Account တစ်ခုရှိရပါမယ်။ www.myanpay.com.mm မှာအကောင့်ဖွင့်ပါ..ပြီးတာနဲ့ သူတို့ကိုဖုန်းဆက်ပီး ပိုက်ဆံ ငါးထောင်သွင်းခါ Account verify လုပ်လိုက်ပါ။ ဒါဆိုရင် မိမိမှာ MyanPay Account တစ်ခုရရှိသွားပြီဖြစ်ပါတယ်။

Exchanger ရှိရပါ့မယ်... ဘယ်လိုလဲဆိုတော့ ငွေရှာဆိုဒ်တွေဆီကနေ ရလာတဲ့ငွေတွေကို ထုတ်ဖို့အတွက် Exchanger ကိုဆက်သွယ်ရပါ့မယ်..Exchanger ကနေ မြန်မာငွေပြောင်းလဲပြီး မိမိရဲ့ MyanPay Account ထဲသို့ မြန်မာငွေပို့ပေးမှာဖြစ်ပါတယ်... Exchanger ကတော့ adflycreator@gmail.com (0r) 09 420 700 582 သို့ဆက်သွယ်နိုင်ပါတယ်...ကိုယ့်ရဲ့ MyanPay Account ထဲကိုငွေရောက်လာပါလိမ့်မယ်.. ရောက်လာပြီဆိုတာနဲ့ ဖုန်းကဒ် စတင်ဝယ်နိုင်ပြီဖြစ်ပါတယ်... ကဲ...ဘယ်လို ၀ယ်မလဲ အရင်ဆုံး www.topup.com.mm ကိုသွားလိုက်ပါ
ပေါ်ပုံမယ်ပြထားတဲ့အတိုင်း မိမိဖြည့်သွင်းလိုတဲ့ ဖုန်း Type ကိုရွေးပါ..ပြီးတာနဲ့ အောက်က ပုံအတိုင်း ကိုယ်ဖြည့်သွင်းလိုတဲ့ဖုန်းနံပတ်ကိုထည့်လိုက်ပါ..အပေါ်ရော အောက်ရော ဂဏန်းတူပါစေ.... အိုကေ..ပြီးတာနဲ့ Top Up Now ကိုနှိပ်လိုက်ပါ..ဒါဆိုရင် မိမိရဲ့ MyanPay Account ကိုရောက်သွားပါမယ်။
MyanPay Account Login နေရာမှာ မိမိရဲ့ Username and Pass ကိုရိုက်ထည့်လိုက်ပါ.. ပြီးတာနဲ့ Login ၀င်လိုက်ပါ။ အောက်က ပုံကိုဆက်ကြည့်ပါ။
Continue ကိုနှိပ်ပါ..... အောက်က ပုံကိုဆက်ကြည့်ပါ။
ပီးတာနဲ့ Pay Now ကိုနှိပ်လိုက်ပါ...ဒါဆိုရင် မိမိရဲ့ဖုန်းအတွင်းသို့ အင်တာနက်မှအလိုအလျောက်ငွေဖြည့်သွင်းပေးမှာဖြစ်ပါတယ်..တစ်ခါတစ်ရံ ပြည်သူ့အချစ်တော် MPT စုတ်ပြတ်သလတ်နေတဲ့လိုင်းအနေအထားကြောင့် ငွေတိုက်ရိုက်မဖြည့်နိုင်မှာ ဖြည့်သွင်းလိုသည့်ဖုန်းအတွင်းသို့ ကုဒ်နံပတ်ကိုပို့ပေးပါလိမ့်မယ်..အဲကုဒ်နံပတ်အတိုင်းဖြည့်လိုက်ရုံပါဘဲ.. ဒါဆိုရင်အဆင်ပြေပါပြီ..လွယ်လွယ်လေးပါဘဲခင်ဗျ။

PayPal Account ကနေ ငွေ သွင်း/ထုတ်/လွှဲ နည်း

PayPal Account ကနေ ငွေ သွင်း/ထုတ်/လွှဲ နည်း

ကဲ... PayPal လာပါပြီ..အင်တာနက်မှာငွေရှာနေသူများ အသိချင်ဆုံး ကိစ္စ PayPal အကြောင်းလေး အဓိက ကျတဲ့တစ်စိတ်တစ်ဒေသကို တင်ဆက်ပေးလိုက်ပါတယ်... အခုငွေရှာတဲ့ ဆိုဒ်တွေကနေဘဲ ရလာတဲ့ ပိုက်ဆံတွေကို Cash out ( or ) Withdraw လုပ်လိုက်မယ်ဆိုရင် PayPal ထဲကိုရောက်သွားပါ့မယ်..ဟုတ်ပြီ ဘယ်လိုပုံနဲ့ရောက်မှာလဲဆိုရင် အောက်ကပုံကိုကြည့်လိုက်ပါ..ငွေရှာတဲ့ဆိုဒ်တွေကနေ PayPal ထဲကိုရောက်လာတဲ့ ပုံလေးပါ။
ကဲ......ငွေတော့ရောက်လာပြီ အဲဒီငွေကို မြန်မာငွေ ဖြစ်အောင် ဘယ်လိုပြန်ပြောင်းမလဲဆိုတဲ့ အဆင့်ကို ရှင်းပါတော့မယ်... ကျွန်တော်တို့ မြန်မာနိုင်ငံမှာ MyanPay ဆိုတာရှိပါတယ်
www.myanpay.com.mm ဖြစ်ပါတယ်.. အခု PayPal ကနေ မြန်မာငွေပြောင်းဖို့ MyanPay ကိုလွှဲရမှာဖြစ်ပါတယ်... ဒီအတိုင်းတော့ တိုက်ရိုက်လွှဲလို့မရပါဘူး.. ကြားခံငွေလွှဲ
ပေးတဲ့ ၀န်ဆောင်မှုကနေတစ်ဆင့် MyanPay ကိုလွှဲရတာဖြစ်ပါတယ်.. ဥပမာ ကျွန်တော်ကို ကြားခံဝန်ဆောင်မှု လို့သတ်မှတ်လိုက်ပါ..ကျနော်က မိတ်ဆွေတို့ လွှဲလိုက်တဲ့ USD Dollar အတိုင်းကာလပေါက်ဈေးကိုတွက်ချက်ယူပြီး MyanPay ထဲကိုထည့်ပေးမှာဖြစ်ပါတယ်...အဲဒီ MyanPay ကနေတစ်ဆင့် မိတ်ဆွေတို့နဲ့ နီးစပ်တဲ့ ဘဏ်ကနေတစ်ဆင့်ထုတ်
ယူနိုင်ကြမှာပါ.. ဘဏ်မှာ Account ( ဘဏ်စာအုပ်) တော့ဖွင့်ထားဖို့လိုပါ့မယ်.. ဘဏ်စာအုပ်ကလဲ မများပါဘူး တစ်အုပ်မှ တစ်ထောင်လောက်ပဲရှိတာပါ..ဒါဆိုရင် သက်ဆိုင်ရာ ဘဏ်
ရဲ့ ဘဏ်စာအုပ်နဲ့ဘဏ် Account ကိုရပါပြီ.. ကဲ.. နားလည်အောင်ရှင်းပြလိုက်ပါ့မယ်..ငွေထုတ်ပုံအဆင့်ဆင့်ကတော့

PayPal >> ကြားခံဝန်ဆောင်မှု >> MyanPay >> Myanmar Bank အဲလိုအဆင့်ဆင့် ငွေထုတ်ယူသွားရတာပါ...... ကဲ.. MyanPay ကိုအသာထားဦး လောလောဆယ် PayPal နဲ့ ကြားခံဝန်ဆောင်သူရဲ့ ဆက်သွယ်မှုကိုရှင်းပါ့မယ်.. ဘယ်လိုဆက်သွယ်မှုလဲဆိုရင် ငွေထုတ်လိုတဲ့ PayPal Account ပိုင်ရှင်ကနေ ကြားခံဝန်ဆောင်မှုပေးမယ့် PayPal
Account ပိုင်ရှင်ဆီသို့ အရင် ငွေလွှဲရပါ့မယ်... ဒီလိုလွှဲနိုင်ဖို့အတွက် Send Money ( or ) Send Funds ကိုနှိပ်လိုက်ပါ.... အောက်ပုံမှာကြည့်ပါ။
To ( Email ) ဆိုတဲ့နေရာမယ် ကြားခံဝန်ဆောင်မှု ပေးသူရဲ့ လိပ်စာကိုထည့်ရပါမယ်... Amount နေရာမှာတော့ မိမိငွေလွှဲပြောင်းလိုတဲ့ ငွေပမာဏကိုထည့်ရပါ့မယ်.. အခု
တစ်ဒေါ်လာလွှဲမှာဖြစ်တဲ့အတွက် 1 လို့ဘဲ ထည့်ထားလိုက်ပါတယ်.. 10$ လွှဲချင်ရင်တော့ 10 လို့ထည့်ပါ... ပြီးတာနဲ့ ညာဘက်အခြမ်းမှာတော့ USD-U.S.Dollars ကို
ရွေးပေးရမှာဖြစ်ပြီး.... အောက်မှာတော့ I'm sending money to family or friends ဆိုတာကိုရွေးပေးရမှာဖြစ်ပါတယ်... ပြီးတာနဲ့ Continue ပေါ့...
Payment To အောက်က လိပ်စာကတော့ ကြားခံဝန်ဆောင်မှုပေးသူရဲ့ လိပ်စာဖြစ်ပါတယ်..ဘေးနားကဟာတွေကတော့.. ဒီအတိုင်း Information တွေဘဲဖြစ်ပါတယ်.. အိုကေ
Send Payment သာနှိပ်လိုက်တော့..
ကဲ... Kyaw Kyaw Naing ဆိုတဲ့ လူက ကြားခံဝန်ဆောင်မှုပေးသူဖြစ်တဲ့ Nwe Nwe ဆိုတဲ့ သူဆီကိုငွေပေးပို့ခြင်းပြီးဆုံးပါပြီ... ဒီလိုဆိုရင် ကြားခံဝန်ဆောင်သူက မြန်မာငွေအဖြစ်
ပြောင်းလဲပြီး ပေးပို့သူရဲ့ MyanPay Account ထဲကိုထည့်ပေးလိုက်တာနဲ့ Kyaw Kyaw Naing ဟာ သူ့ရဲ့ MyanPay Account ကနေတစ်ဆင့် သက်ဆိုင်ရာ မြန်မာဘဏ်သို့
ငွေလွှဲကာ မြန်မာငွေအဖြစ်ထုတ်ယူလို့ရပြီဖြစ်ပါတယ်ဗျာ..ဖူးးး.မောထှာ..အဆင်ပြေကြပါစေခင်ဗျားးးး :D

ဒီတော့ ဘာတွေလိုအပ်သလဲဆိုရင် ငွေထုတ်ယူလိုသူသည်

(1) PayPal ( Verified ) Account ရှိရပါ့မယ်။

(2) MyanPay Account ရှိရပါ့မယ်။ ( MyanPay Account လျှောက်တာလွယ်လွယ်လေးပါ ပိုက်ဆံတစ်ထောင်ကျပ် ဒါမှမဟုတ် မှတ်ပုံတင် ကာလာScan ဖတ်ထားတာတစ်ခုလိုအပ်ပါမယ် ) MyanPay Account သုံးနည်းကို ဒီမှာကြည့်ပါ။

(3) နီးစပ်ရာ Bank တစ်ခုခုကနေ ဘဏ်စာအုပ်နဲ့ဘဏ်Account ရှိရပါမယ်.. တစ်ထောင်ကျပ်လောက်သာကုန်ကျပါတယ်..

ဒါတွေသာပြည့်စုံပြီဆိုရင်တော့ အင်တာနက်ပေါ်ကရသမျှငွေတွေကို ကြိုက်သလိုထုတ်ယူလို့ရပြီဖြစ်ပါတယ်..။

PayPal Account ဘယ်လိုဖောက်မလဲ..

PayPal Account ဘယ်လိုဖောက်မလဲ..
အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal  အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ 

အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။ 
နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။  တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။
Personal ကိုရွှေးပြီးကလစ်ပါ  ။ Email address  ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့  စာလုံးအကြီးတစ်လုံးပါပါစေ။ 
ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket  ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။ 
 ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ
အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ  အဆင်ပြေပါပြီ။ Security questions  ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ  Security questions  မသိရင် ၀င်မရပါဘူး။
ဒါဆိုရင်တော့  အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။  မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard လိုပါတယ်..အဲဒီ ကဒ်အတွက် www.shwemoney.com မှာစုံစမ်းဝယ်ယူနိုင်ပါတယ်..ဈေးနှုန်းကတော့ တစ်နှစ်စာခြောက်သောင်း သက်တမ်းတိုရင် တစ်သောင်းခွဲပါခင်ဗျာ။ Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။ 

♥♥ကျွန်တော်အကြိုက်ဆုံး NerdBux တွင်ဝင်ငွေရှာဖွေခြင်းနှင့်4$လက်တွေ့ထုတ်ယူခြင်း♥♥

နာမည်က NerdBux .. 2013 မှာစတင်ထွက်ပေါ်ခဲ့ပြီး ငွေရှာတဲ့ဆိုဒ်တွေအားလုံးထဲမှာ နံပတ် သုံးနေရာကနေ Hot အဖြစ်ဆုံး..အတိကျဆုံး ..Security အမြင့်ဆုံး..စည်းကမ်းအရှိ
ဆုံး ငွေရှာဝဘ်ဆိုဒ်တစ်ခုအဖြစ်ရပ်တည်ခဲ့ပါတယ်.. ကြော်ငြာ Click ရတဲ့အရေအတွက်ကလဲ တစ်နေ့တစ်နေ့ကို အခု 90 လောက်ကိုများပြားပြီးငွေအရမြန်ဆုံး နှင့် ကျွန်တော်ရဲ့
ပထမဆုံး 4$ စမ်းသပ်ထုတ်ဖူးခဲ့တဲ့ Website ဖြစ်ပါတယ်...ကျွန်တော် ဒီဆိုဒ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘယ်လောက်အထိမြင့်မားလဲသိချင်လို့ ထောင့်ပေါင်းစုံနေရာပေါင်းစုံက
နေကလိတယ်...ကျနော်ကလိတယ်..ကိုယ့်သိဖို့ကလိတယ်..အများအတွက်သိအောင် ကလိတယ်...နောက်ဆုံး ကျနော် ကွန်ပျူတာတစ်ခုတည်းမှာတင် Nerdbux Account
နှစ်ခုကိုဖွင့်မိလို့လုံးဝ Suspended အလုပ်ခံလိုက်ရတယ်.ကျွန်တော် Nerdbux ကိုလွန်ခဲ့တဲ့သုံးလလောက်ကတည်းက စတင်မိတ်ဆက်ပေးခဲ့တာ ကျွန်တော့်ဆီမှာမန်ဘာဝင်ပြီးလုပ်နေတဲ့ ညီအစ်ကိုမောင်နှမအယောက် လေးရာကျော် သိကြပါတယ်....ဒီလိုနဲ့....ကျနော့် တစ်နေ့ 4$ ရတဲ့ရွှေအိုးကြီးကွဲသွားပါလေရောဗျာ..ကျနော်စိတ်ဓာတ်မကျဘူး..ဒီကောင့်အကြောင်းကိုသိသွားတယ်...အများအတွက်ဆောင်ရန်ရှောင်ရန်တွေပါဝေမျှခွင့်ရသွားတယ်.ဒါကြောင့် ကျွန်တော် ငွေလဲအပေးကြမ်း..ကြော်ငြာတွေကိုလဲ အမုန်းဆွဲဗုံးကြဲအောင် ကလစ်ရသလို..အလွန်လဲ
စည်းကမ်းမြင့်မားတဲ့ Nerdbux အကြောင်းကို ဆောင်ရန်ရှောင်ရန် နဲ့တစ်ကွသေချာရေးပါတော့မယ်....

ကဲ..စမယ်.... အရင်ဆုံး Member ၀င်ပါ့မယ်..ဒီမှာ မင်ဘာဝင်ပါ( ကျေးဇူးပြုပြီး ကျွန်တော့်ပေးတဲ့ Link အပြည့်အစုံမှာဘဲ Register လုပ်ပေးကြပါ..ကျနော်လဲ ရှယ်
ယာတိုး ညီအစ်ကိုမောင်နှမတွေလဲ အကျိုးရှိအောင်လို့ပါ.. Please :) )  Register ကိုဖြည့်သည့်အခါ Referraer အကွက်မှာyasawinsaဆိုတာလေးတွေ့ပါလိမ့်မယ်..ဒါဆိုရင် ကျွန်တော့်ရဲ့ Link ထဲမှာမှန်ကန်စွာနဲ့ မာန်ဘာဝင်နေခြင်းဖြစ်ပါတယ်။


ကျွန်တော်တစ်ခုပြောဦးမယ်စိတ်မကောင်းစရာအချက်ကလေးတစ်ခုပေါ့...NerdBux က Myanmar
IP Address ကိုတော်ရုံခွင့်မပြုဘူးဗျာ.. သူ့ဆီမှာ မန်ဘာဝင်ရင် Sorry IP is already used by other member ဆိုတာကြီးလာပြတယ်...တော်တော်ကိုဆိုးတာ လုံးဝ Proxy
ကျော်လဲမရဘူး..YourFreedom , Ultrasurf လဲမကယ်နိုင်ဘူုးဗျာ..ဒီတော့ ဘယ်လိုလုပ်ရသလဲဆိုရင် ဒီနည်းလေးအတိုင်းအရင်စမ်းကြည့်တယ်...( မှတ်ချက် - ထိုင်းနိုင်ငံ IP Address ပြောင်းပီးဖွင့်ရင် တော်တော်အဆင်ပြေတာကို တွေ့ရပါတယ် ) တော်တော်လေးကိုအဆင်ပြေတယ်.... အကယ်လို့အဲနည်းမှမရရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ကို လုပ်ခိုင်းရတော့တာပါဘဲ..လုပ်ခိုင်းရင်လဲ ကျနော့်ရဲ့ Link လေးကိုပေးပြီး လုပ်ခိုင်းပေးကြပါနော်.. :)

ကျနော်ကတော့
Facebook က နိုင်ငံခြားအသိတစ်ယောက်ကို လုပ်ပုံလုပ်နည်းပြောပြီး လုပ်ခိုင်းလိုက်တာ မြန်မာမယ်ပြန်သုံးနေတာအဆင်ပြေနေပါတယ်...ကဲ.. Register လုပ်လိုက်ရအောင်.. Member ၀င်ဖို့ Link ကိုနှိပ်ပြီးတာနဲ့  Register ကိုဆက်နှိပ်ပါ..ပြီးရင်အောက်က ပုံအတိုင်းဖြည့်ပါ..PayPal မရှိသေးရင်တော့ မိမိရဲ့ Email လိပ်စာကိုဘဲ ယာယီပြန်ဖြည့်ထားပါ
ပီးတာနဲ့ Register ကိုနှိပ်ပါ...ကဲ..မြန်မာနိုင်ငံ နေရာတော်တော်များများမယ်ဖြစ်တဲ့ Sorry IP is already used by other member ဆိုတဲ့ Error ပေါ်လာရင်တော့ ကျွန်တော်ညွှန်ပြတဲ့နည်းအတိုင်းကြိုးစားပါ...ဒါမှမိမိကိုယ်တိုင်အဆင်မပြေဘူးဆိုရင်တော့..
.နိုင်ငံခြားကအသိကိုသာလုပ်ခိုင်းပါတော့..လုပ်လဲလုပ်စေချင်ပါတယ်..ရတာလဲတစ်ကယ်ရတာမလို့ကျနော်ဒါလောက်တိုက်တွန်းနေတာပါ.. အိုကေ..အထက်က
Error မပေါ်ဘဲနဲ့ Register လုပ်ထားတဲ့ Email Address ထဲသို့ Activation Code ပို့လိုက်ပါတယ်ဆိုတဲ့ Message ပေါ်လာတယ်ဆိုရင်တော့ ပျော်ပေတော့ဗျို့... မိမိရဲ့
Email လိပ်စာထဲသွားပြီး Activation လုပ်လိုက်ရုံပါဘဲ..ကဲဘယ်လိုလုပ်မလဲ..မိမိရဲ့ Email ကိုဖွင့်လိုက်တာနဲ့ Nerdbux ကပို့ထားတဲ့ Mail ကိုတွေ့ပါ့မယ်ဖွင့်လိုက်ပါ.. ပြီးတာနဲ့
အောက်မှာ အနီရောင် ၀ိုက်ပြထားတဲ့ Link ကိုနှိပ်လိုက်ပါ။
ဒါဆိုရင်အောက်ပါအတိုင်းပေါ်လာပါ့မယ်. Send သာနှိပ်လိုက်ပါ.. ( ယခု ဖော်ပြပါ Register ပုံများသည် ပြည်ပမှ ကျနော့်၏ မိတ်ဆွေ အား Screen Shoot ရိုက်ခိုင်းပြီး ပြန်လည်
တင်ပေးရခြင်းဖြစ်ပါတယ်..ကျွန်တော့် GSM Internet လိုင်းမှာတော့ Account သစ်ဖွင့်မရတော့ပါ ) Send နှိပ်ပြီးတာနဲ့ Welcome Screen ပေါ်လာပြီး Login ၀င်ရောက်နိုင်
ပြီဖြစ်ပါတယ်.. ။ ကဲ..အကောင့်လဲဖွင့်ပီးဘီ Login လဲဝင်ပြီးပြီဆိုရင် ကြော်ငြာ Click ခြင်းလုပ်ငန်းစတော့မယ်ဗျား.။
ကြော်ငြာ Click လုပ်ဖို့အတွက် EARN MONEY >> View Ads ကိုနှိပ်လိုက်ပါ
ကဲ..View Ads ကိုနှိပ်လိုက်တာနဲ့ Click လုပ်ရမယ့်ကြော်ငြာတွေ အများးးကြီး အခု 90 နီးပါးလောက်ကိုတွေ့ရပါလိမ့်မယ်ခင်မျာ...လိုင်းကောင်းတဲ့အချိန်မနက်ခင်းအစောလောက်
ဖြစ်ဖြစ် ထပြီး Click လုပ်ပါ.. ကိုယ့်မှာ $0.2000 လောက်ရတာနဲ့ ရှယ်ယာ တစ်ခု စတင်ဝယ်နိုင်ပါပြီ...လေးငါးရက်အတွင်းကို ရှယ်ယာဝယ်ဖို့ငွေပမာဏ ပြည့်တာပါ...ကြော်ငြာ
တွေက များတာကိုး... ကဲ ဘယ်လို Click လုပ်ကြမလဲ စပါ့မယ်....ကြော်ငြာတွေကို ကလစ်ရာမှာ တစ်ခုပြီးမှတစ်ခု စိတ်ရှည်လက်ရှည်နဲ့ကလစ်ပါ..တစ်ချို့က မြန်မြန်ပြီးရောဆိုပြီး
အကုန်ပတ်ဖွင့်ပစ်လိုက်တယ်..တစ်ပြားမှမရတဲ့အပြင် Loading လုပ်ရလွန်းတဲ့အတွက် လိုင်းပါလေးထွက်သွားပါတယ်..ဒါကြောင့် တစ်ခုချင်းစိတ်ရှည်လက်ရှည်နဲ့ ကလစ်လုပ်ကြပါ
ကဲ...အောက်ကပုံကိုကြည့်ပါ..
မြှားအနီပြထားတဲ့ နေရာကို စတင် ကလစ်လိုက်ပါ... New Taps ပေါ်လာပါလိမ့်မယ်.. Wait Please ဖြစ်နေပြီး သူပြလိုတဲ့ Website တစ်ခုကို ပြပါလိမ့်မယ်..ကြည့်နေပါ..သူပြ
ချင်တာပြပြီးသွားပြီဆိုတာနဲ့ အစိမ်းတန်းလေး တက်လာပါလိမ့်မယ်....အစိမ်းတန်းတက်ပြီးတာနဲ့ ပုံသုံးပုံ ပြပါလိမ့်မယ်..အဲဒီပုံသုံးပုံထဲက ဇောက်ထိုးဖြစ်နေတဲ့ ပုံကိုဘဲ ရွေးချယ် ကလစ်
ရမှာဖြစ်ပြီး ကလစ်ပြီးတာနဲ့ အမှန်ခြစ်ပြပါလိမ့်မယ်..အမှန်ခြစ်ပြလိုက်တာနဲ့ ကြော်ငြာတစ်ခုကြည့်ခြင်းပြီးသွားပါပြီ.. ဒီနေရာမယ် တစ်ခုထပ်ပြောပါဦးမယ်... ကြော်ငြာ ကလစ်လိုက်
တာနဲ့ Wait Please ဆိုတာပြပြီး တစ်မိနစ်နီးပါးလောက်ဘားမှမပေါ်ဘဲနေရင် အဲနေရာကို Loading နောက်တစ်ခေါက် ထပ်ဆွဲလိုက်ပါ...ဒါဆိုရင်တော့ ပြသလိုတဲ့ Website ကျလာပါလိမ့်မယ်...တစ်မိနစ်လောက်စောင့်တယ်..Wait Please ဆိုတာဘဲပေါ်နေရင် Loading သာပြန်လုပ်လိုက်ဗျာ... ကွန်နက်ရှင်မြင့်တဲ့နေရာတွေမယ်တော့ ဒီပြသနာမရှိဘူး
နှေးတဲ့နေရာတွေမှာဘဲ ဒီပြသနာရှိတာပါ...ပြည်ပတိုင်းပြည်တွေမှာတော့ ကြော်ငြာတစ်ခုကို ကလစ်လိုက်တာနဲ့ ဖတ်ခနဲ တန်းကျ...အမှန်ခြစ် ဖတ်ခနဲ...ပိုက်ဆံရ အကုန်လုံးက ငါးစက္ကန့်ဘဲကြာတာပါ.. မြန်မာမယ်နေရတာ မကောင်းလိုက်တာဗျာ... :) ကဲ...ဒီလိုနည်းနဲ့ကြော်ငြာတွေကိုအကုန်ကလစ်သွားပါ... ။
ကဲ..ကြော်ငြာတွေ အကုန်ကြည့်ပြီးပြီဆိုတာနဲ့ ရလာတဲ့ ငွေပမာဏကို ကြည့်ဖို့အတွက် MY ACCOUNT ကိုနှိပ်လိုက်ပါ.. မြှားပြထားတဲ့ နေရာလေးကိုကြည့်လိုက်ပါ..ကျွန်တော်
Click လုပ်တာ တစ်ရက်ဘဲရှိသေးတယ် .. $0.1205 ရနေပြီ.... တစ်ချို့ငွေရှာဆိုဒ်တွေက ဒါလောက်တောင်မရဘူး..ဒီလိုရတယ်ဆိုတာကလဲ NerdBux က ကြော်ငြာတာများတယ်
လေ..နာမည်ကြီးတာကိုး....ရှယ်ယာဝယ်ဖို့ 1$ ရဖို့လိုပါမယ်..ဒါကလဲ အလွန်ဆုံး 7 ရက်လောက်ပဲ ပုံမှန်ကလစ်တာနဲ့ တစ်ဒေါ်လာတန်းရလာမှာပါ. ကဲ...မိမိမှာ Dollar 1$ ရပြီဆိုပါစို့.. ရှယ်ယာဝယ်နော့်... .. ရှယ်ယာ သဘောတရားကို မသိသေးသူများအတွက် ရှင်းပြရပါဦးမယ်..

ဘယ် Website မှာဘဲ ငွေရှာရှာ ရှယ်ယာ ဆိုတာ နှစ်မျိုးဘဲရှိပါတယ် Direct Referral Share နဲ့ Rental Referral Share ဆိုပြီးနှစ်မျိုးရှိပါတယ်ဗျ။
Direct Referral Share ဆိုတာကတော့ ကိုယ့်ရဲ့ Share Link မှာ အခြားသူတွေကို စိတ်ဝင်စားအောင်ပြောပြပြီး Member ၀င်ခိုင်းတာဘဲဖြစ်ပါတယ်ခင်ဗျ. Direct Referral
ဆိုတာကိုရှင်းပါမယ်..ဘယ်လိုလဲဆိုတော့................. သူငယ်ချင်းရေ..ငါကတော့ ဒီဆိုဒ်မှာ လုပ်နေတယ်..ငွေတွေသိပ်ရသကွာ..ပါဂျဲရိုး
တောင် ၀ယ်စီးနေပြီကွ..မင်းလဲ လုပ်သင့်တယ်ကွ...မင်းလုပ်ချင်တယ်ဆိုရင်ငါကူညီပေးမယ်..ရော့ရော့..ဟောဒီက ငါပေးတဲ့ Link မှာ Member ၀င်လိုက်..ပြီးရင် ငါပြောတဲ့နည်း
တွေအတိုင်း လုပ်ပေတော့ကွာ... ကိုယ့်ရဲ့ သူငယ်ချင်းက ကိုယ်ရဲ့ Share Link မှာမန်ဘာဝင်ပြီး အလုပ်လုပ်တာနဲ့ သူငယ်ချင်းဆီက $0.0200 ကို ကိုယ်က ရှယ်ယာအမြတ်အနေ
နဲ့ရရှိမှာဖြစ်ပါတယ်..သူငယ်ချင်းကိုတော့ ဘားမှမထိခိုက်ဘူးနော်..သူဘာသာ NerdBux  Company ကထပ်ဆောင်းပေးတဲ့ ဘောက်ဆူးပါ...အိုကေ ဒါကို Direct Referral Shareလို့ခေါ်တာပေါ့ဗျာ... :) ကိုယ့်ရဲ့ Share Link ကိုထုတ်တဲ့နည်းလေး သက်ဆိုင်ရာအခန်းမှာသင်ပြပေးသွားပါ့မယ်။ အိုကေ ..ဒါဆိုရင် Direct Referral Share ဆိုတာ ဘာမှန်းသိပါပြီနော်... အခု Rental Referral Share အကြောင်းကိုပြောပါ့မယ်... အဲကောင်က ကိုယ်ကြော်ငြာ Click လုပ်လိုက်လို့ရလာတဲ့ ငွေထဲကနေ၀ယ်ရမှာဖြစ်ပါတယ်..လူမဟုတ်ပါဘူးသူ့ဘာသာ Auto အလုပ်လုပ်ပေးတဲ့ Share ဖြစ်ပါတယ်... ဥပမာ မိမိမှာ 1$ ရပြီဆိုရင် Share ငါးခု စ၀ယ်လို့ရပါပြီ...ကြော်ငြာကလစ်တယ်..ရလာတဲ့ ပိုက်ဆံကို ရှယ်ယာဝယ်တယ်..ဒါကိုတော့ Rental Referral Share လို့ခေါ်ပါတယ်... ဒါလောက်ဆိုရင် Direct Referral
နဲ့ Rental Referral ဆိုတာ ဘာကွာလဲသိကြပါပြီနော်... အိုကေ..အခုမိမိမှာ တစ်ဒေါ်လာရပြီဆိုတာနဲ့ရှယ်ယာ ၀ယ်တာစပါ့မယ်..ဘာကိုဝယ်မှာလဲ ၀ယ်စရာကတစ်မျိုးဘဲရှိပါတယ်
Rental Referral Share ကိုဝယ်ရမှာပါ.. :)
ကဲ..အပေါ်ကပုံမယ်ကြည့်ပါ.. Main Balance ထဲမှာ တစ်ဒေါ်လာရပြီလို့ဘဲ မှတ်ထားလိုက်ပါဗျာ.. ဟုတ်ပီနော်.. ရှယ်ယာ ၀ယ်ဖို့အတွက်ဆိုရင် Main Balance ထဲက တစ်ဒေါ်
လာကို... Purchase Balance ထဲကိုရွှေ့မှ ရပါ့မယ်..ဒါမှဝယ်လို့ရမှာပါ..ငွေရှာတဲ့ဝဘ်ဆိုဒ်တိုင်းမှာ ဘာကိုဘဲဝယ်ချင်ချင်...Mani Balance ကနေ Purchase Balance ထဲကို
အရင်ရွှေ့ကိုရွေ့ရပါ့မယ်..ဘယ်လိုရွှေ့မလဲ... အပေါ်ပုံကိုကြည့်လိုက် Purchase Balance ရဲ့ညာဘက်မှာ Add Funds ဆိုတာလေးတွေ့တယ်မလား..အာ့ ဒါလေးကိုနှိပ်လိုက်။ နှိပ်လိုက်တာနဲ့ အောက်ပါပုံအတိုင်းပေါ်လာပါမယ်...
ပုံမှာမြင်တဲ့အတိုင်းပါဘဲ Method နေရာမယ် Account Balance ကိုရွေးပါ့မယ်.. Amount မှာတော့ တစ်ဒေါ်လာထည့်မှာဖြစ်တဲ့အတွက် 1 လို့ထည့်ပေးလိုက်ပါတယ်... ပြီးတာနဲ့
Send ကိုနှိပ်လိုက်ပါ...Purchase Balance ထဲကိုရောက်သွားပါလိမ့်မယ်။ ဒီနေရာမယ်ကျနော်တစ်ခုပြောမယ်.. မိမိမှာ PayPal Account ရှိမယ်..အကောင့်ထဲမယ်လဲ ပိုက်ဆံ
ရှိမယ်ဆိုရင် Method: နေရာမယ် PayPal ကိုရွေးပြီး မိမိလိုချင်တဲ့ ငွေပမာဏ ကို Purchase Balance ထဲသို့ထည့်လို့ရပါတယ်..ငွေထည့်နိုင်ရင်တော့ ရှယ်ယာများများဝယ်နိုင်
တာပေါ့..များများဝယ်နိုင်တော့ ငွေမြန်မြန်တက်တာပေါ့... မရှိတဲ့သူတွေကတော့ ထုံးစံအတိုင်း Account Balance ကိုရွေးရမှာပါဘဲ... အိုကေ... အောက်ပုံမှာ Purchase Balance
ထဲကို တစ်ဒေါ်လာရောက်သွားပါပြီနော်... ရောက်သွားပြီဆိုတော့ Main Balance မှာ 0.000 ဖြစ်ပြီး Purchase Balance မှာတော့ $1.0000 ဖြစ်သွားပါပြီ ..အို ကေနော်.
( ကျနော့်မယ် ငွေပြည့်အောင်မရှိသေးလို့ Photoshop နဲ့ ငွေပမာပြထားပါတယ်.. )
ကဲ... Purchase Balance ထဲမှာငွေရောက်လာပြီဆိုတော့  ရှယ်ယာဝယ်တဲ့လုပ်ငန်းစပါတော့မယ်...အောက်ပုံမယ်ပြထားတဲ့အတိုင်း Rent More Referrals ကိုနှိပ်ပါ... 5 Referrals share ကို 1$ သတ်မှတ်ထားတာရှိပါတယ်..ရွေးလိုက်ပါ..မိမိမှာငွေများရင်များသလို တိုးဝယ်လို့ရပါတယ်..လောလောဆယ်တော့ တစ်ဒေါ်လာကို ရှယ်ယာ 5 ခုတန်ဘဲ
ဝယ်မှာပါ... ပြီးတာနဲ့ Rent Now! ကိုနှိပ်လိုက်ပါ...
Purchase Balance မှာ 0.000 တွေဖြစ်နေတယ်..အမှန်ကအဲနေရာမယ် $1.0000 ဆိုပြိးဖြစ်ရမှာပါ ကျွန်တော် ပြင်ပေးဖို့မေ့သွားတယ်.. :) အိုကေ..Rent Now! ကိုနှိပ်လိုက်
တာနဲ့. အောက်ကပုံအတိုင်း Rented Referrals: မှာရှယ်ယာ ငါးခု ၀င်လာတာကိုတွေ့ရပါလိမ့်မယ်ခင်ဗျား
အိုကေ..ဒါဆိုရင် ရှယ်ယာဝယ်တတ်သွားပြီလို့ထင်ပါတယ်.. ပုံမယ်ကြည့်လိုက်ပါ..ကျွန်ေတာ့်မယ် Direct Referral ကတော့ တစ်ယောက်ပဲရှိပါသေးတယ်... :) အိုကေ...ရှယ်ယာဝယ်ပြီးပြီဆိုတော့ ရှယ်ယာတွေကုန်မသွားအောင်ထိန်းတဲ့နည်းကိုပြောပါဦးမယ်.. Rented Referrals မှာအား
နည်းချက်တစ်ခုကတော့ရှိတယ်..ဒါကလဲ သူ့စည်းမျဉ်းပါဘဲ..ဘာလဲဆိုတော့...သူက တစ်လခံမလို့ပါ..တစ်လပြည့်တာနဲ့ ရှယ်ယာတွေက ပျောက်ကုန်ပါတယ်..ကဲမပျောက်အောင် ဘယ်နှုယ်လုပ်မလဲ... Rented Referrals ( or ) Rented ကိုနှိပ်ဝင်လိုက်ပါ...အောက်က ပုံအတိုင်းပေါ်လာပါ့မယ်....  (( ဘယ် ငွေရှာတဲ့ဆိုဒ်မှာမဆို AutoPay ကို Enable လုပ်ဖို့မမေ့ပါနဲ့ ))
အပေါ်ပုံမှာဆိုရင် Expires Date ကိုတွေ့မှာပါ... Expire 0 ဖြစ်သွားတာနဲ့ ၀ယ်ထားတဲ့ Share ဟာလည်းပျောက်သွားတော့မှာပါ.. ကဲ..ထားပါစို့.. Expire Date မှာ 2 Days လောက်ပဲကျန်တော့တယ်ဆိုရင် ဒီကောင်တွေကိုပျောက်မသွားအောင်လုပ်ရတော့မှာပါ....ဒီတော့ မပျောက်အောင်ဘယ်လို လုပ်မလဲ.. Recycle လုပ်ပါ့မယ်..ဘယ်လို Recycle လုပ်မှာလဲ ?အောက်က ပုံကို ထပ်ကြည့်လိုက်ပါ..
Expire Date ဖြစ်တော့မယ့် Share တွေကိုရှာပြီး အမှန်ခြစ်လေးတွေလိုက်ခြစ်ပါ...အမှန်ခြစ်ပြီးရင် I want to keep them for 30 More Days ကိုရွေးလိုက်ပါ... ကျနော်ဆယ်ခုလောက်ကို ဥပမာပြထားပါတယ်... အဲဒီဆယ်ခုစာ ကို Recycle လုပ်ရင်ကုန်ကျမယ့်ပမာဏက $1.800 ကျသင့်ပါမယ်..ကျနော်တစ်ခုပြောပါ့မယ်..Recycle လုပ်မယ်
ဆိုရင် Purchase Balance ထဲမယ်ငွေတော့ရှိနေဖို့လိုမယ်နော်..မရှိဘူးဆိုရင် လုပ်လို့မရပါဘူး... မိတ်ဆွေတို့မှတ်ထားရမှာက ရှယ်ယာတွေကို ၀ယ်တိုင်း.. Recycle လုပ်တိုင်း
Purchase Balance ထဲကိုငွေအရင်ဖြည့်ပီးမှ လုပ်လို့ရမှာပေါ့နော်..အိုကေ... ငွေရှိတယ်ဆိုရင် Do it! ကိုနှိပ်လိုက်တော့..ဒါဆိုရင်ဒီကောင်တွေက အသက်တစ်လကျော် ပြန်ပြည့်
သွားပါပြီ... Recycle လုပ်ခ တစ်ဒေါ်လာဆိုတာမများပါ..ဘာလို့လဲဆိုတော့ ရှယ်ယာ နှစ်ခုရဲ့ တစ်လအတွင်းရှာနှုန်းက တစ်ဒေါ်လာလောက်ရှိပါတယ်..ဒါကြောင့်မများပါဘူး..

ကဲ..အိုကေ..ဒါဆိုရင် Direct Referral Share နဲ့ Rented Referrals Share အကြောင်းကိုသိသွားလောက်ပြီထင်ပါတယ်... Direct Referrals ရှာမယ်.. Rented Referrals အတွက်ပိုက်ဆံရှိရင် ၀ယ်မယ်...လကုန်ခါနီးတုန်း Expire ဖြစ်တော့မယ်ကောင်တွေကို အသက်ပြန်ဖြည့်သွားမယ်.. ဒီလိုနည်းနဲ့ဘဲ တဖြည်းဖြည်းလုပ်သွားပါ လေးငါးလ
အတွင်း မိတ်ဆွေဟာ တစ်နေ့ကို 3$ နီးပါး လောက်ရနေတဲ့သူဖြစ်နေပါလိမ့်မယ်..အသေအချာပါ သို့ပေမယ့် မိမိ Share တွေရှာရင်ရှာနိုင်သလို.၀ယ်ရင်ဝယ်နိုင်သလို ပိုက်ဆံအတက်
အကျ ကွာခြားပါသေးတယ်နော့်... ကဲ ဒါလောက်ဆိုရင် ဘယ်လိုထိန်းညှိရမလဲ တွေးမိကြမှာပါ..တွေးလဲတွေးကြပါ... အိုကေ........ မိမိဆီမှာ မန်ဘာဝင်စေဖို့အတွက်
Direct Referrals Link ထုတ်နည်းလေးပြောပါဦးမယ်.. အောက်ကပုံကိုကြည့်ပါ
ပုံမယ် အနီးကွင်းခတ်ပြထားတဲ့ Link ကို မိမိမန်ဘာဝင်စေချင်သူတွေဆီ ကူးပေးလိုက်ပါ..ဒါ မိမိရဲ့ Direct Referral Share Link ပါဘဲ ..အဲဒါကြောင့် လောလောဆယ်တော့
ကျနော့်ရဲ့လင့်မှာ မန်ဘာဝင်ပေးကြပါလို့ တောင်းဆိုအပ်ပါတယ်နော်.. :) ကဲ..ဟုတ်ပီ ကြော်ငြာလဲ ကလစ်တတ်သွားဘီ..ရှယ်ယာလဲ ရှာတတ် ၀ယ်တတ်သွားဘီ..Share Link လဲ
ထုတ်တတ်သွားပြီဆိုတော့ ကံစမ်းမဲနှိုက်ပါ့မယ်... အောက်က ပုံကိုကြည့်ပါ...
ပုံမှာအကွက်စိတ်လေးတွေတွေ့ပါ့လိမ့်မယ်..ကြိုက်တဲ့အကွက်ပေါ်ကိုတစ်ချက်နှိပ်လိုက်ပါ..ကြော်ငြာကလစ်သလို New Tap ပေါ်လာပါ့မယ် ပေါ်လာပြီဆိုတာနဲ့ အစိမ်းတန်းတက်မယ် ပုံဇောက်ထိုးကလစ်ပါ့မယ်.. မဲမပေါက်ရင်တော့ Try Again ပေါ့..မဲပေါက်ရင်တော့ 2$ မဲပေါက်ကြောင်းကြော်ငြာပါ့မယ်..တစ်နေ့ကို 25 ကြိမ်မဲနှိုက်ခွင့်၇ှိပါတယ်..နှိပ်ပီးသား အကွက်
စိတ်ပေါ်ကို ထပ်နှိပ်ခွင့်မရှိပါ..မဲတစ်ခါနှိုက်ပီးတိုင်းပုံတစ်ပုံပြောင်းပါတယ်..ကဲ ကြိုးစားကြည့်ပါ...နောက်ထပ် ပိုက်ဆံအရမြန်မယ့် နည်းလမ်း တစ်ခုကျန်ပါသေးတယ်..အောက်မယ် ဆက်ကြည့်ပါ။
ပုံမှာ  Micro Jobs ဆိုတာတွေ့ပါမယ်.နှိပ်လိုက်တာနဲ့ အပေါ်ပုံအတိုင်းမြင်ရပါ့မယ်.. အဲဒီမှာ ကြော်ငြာလေးတွေတွေ့ပါလိမ့်မယ်.. ကြော်ငြာတစ်ခုကို ဈေးနှုန်းသတ်မှတ်ထားတယ်..
$0.75 တန်ကြေးရှိတယ်..အဲဒီ တန်ကြေးက ကြော်ငြာတစ်ခုကို ကလစ်လိုက်ပါ..ပြီးရင် သူညွှန်ကြားတဲ့အတိုင်းလုပ်ပါ.. ဥပမာ..ကြော်ငြာတစ်ခုကို ကလစ်လိုက်တာနဲ့ အဲဒီကြော်ငြာမှာ
အလုပ်ရှိပါတယ်..ဥပမာထပ်ပြောရမယ်ဆိုရင် သူ့ဆီမှာ မန်ဘာဝင်ပါ...သူခိုင်းတဲ့အလုပ်ကို တစ်ပတ်အတိအကျနေ့တိုင်းလုပ်ပေးပါလုပ်ရင် 0.75$ ပေးပါ့မယ်ဆိုပြီးကမ်းလှမ်းတာပါ
ကိုယ်က သူခိုင်းတဲ့အတိုင်းအတိအကျလုပ်ပေးပြီး ရက်ပြည့်တာနဲ့ ကိုယ့်ရဲ့ Balance ထဲကို0.75$ ၀င်လာပါပြီ..ကဲ ကလိကြည့်ပါ........... အိုကေ ငွေရမယ့်နည်းလမ်းတွေပြော
ပြီးပြီဆိုတော့ ထုတ်တဲ့နည်းလမ်းလဲပြောပါ့မယ်။ ငွေထုတ်ဖို့ကတော့ Main Balance ထဲက ငွေကိုထုတ်ရမှာဖြစ်ပါတယ်.. ဥပမာ မိမိရဲ့ Main Balance ထဲမှာ 5$  ရှိပြီဆိုပါစို့
မိမိရဲ့ PayPal  Account ထဲသို့ထုတ်လို့ရပါပြီ..ေ အာက်ကပုံကိုကြည့်ပါ
Main Balance ထဲမှာ ငါးဒေါ်လာရပြီဆိုတာနဲက မြှားပြထားတဲ့ Cash Out ကိုနှိပ်ပါ..ပြီးတာနဲ့ မိမိရဲ့ PayPal Account ကိုရွေးချယ်ပြီး Withdraw Or Send နှိပ်လိုက်တာနဲ့
ချက်ချင်း လက်ငင်းကို မိမိရဲ့ PayPal Account ထဲသို့ ရွှစ်ခနဲ ၀ှစ်ခနဲ တန်းကိုရောက်လာပါတယ်ဗျာ...... :D အောက်က ပုံကတော့ ငွေလွှဲပြီးကြောင်း ပြတဲ့ပုံပါ....
ကဲ..ဒီမှာတင် NerdBux မယ်ငွေရှာနည်းပြီးဆုံးပါပြီနော်...ကျနော် ဒီ Tutorial ကိုရေး၇င်းနဲ့ နည်းနည်းတော ၀မ်းနည်းလာတယ်ဗျာ..အတည်ပြောတာ NerdBux မှာ Share တွေလဲအများကြီးရ တစ်နေ့ကို 4$ ပုံမှန်ထုတ်နေနိုင်ပြီးမှ ကျနော်ကလိလိုက်လို့ Suspended လုပ်ခံလိုက်ရတာပါ... ဒါကြောင့် ကွန်ပျူတာတစ်လုံးမှာ တူညီတဲ့ အကောင့်နှစ်
ခုကို ဖွင့်မသုံးလိုက်ပါနဲ့ ချက်ချင်း အဘန်းခံရပါတယ်.. မတူညီတဲ့ ငွေရှာဆိုဒ်များကိုတော့ သုံးလို့ရပါတယ်.... NerdBux ရဲ့အားသာချက်က 4$ ပြည့်တာနဲ့ငွေစထုတ်လို့ရတယ်..
Cash Out နှိပ်တာနဲ့ ချက်ချင်းငွေရောက်တယ်..စောင့်စရာမလိုပါဘူး..ကြော်ငြာအပေးများတယ်..စည်းကမ်းအလွန်ကြီးတယ်ပေါ့ဗျာ... နောက်ဆုံး တစ်ခု အထူး အထူးသတိပေးချင်
ပါတယ်..တစ်ချို့က ငွေရှာတဲ့ဆိုဒ်တွေကို ဖုန်းမှာလုပ်တယ်..လုံးဝမလုပ်ကြပါနဲ့... သူရဲ့ Team And Services မှာကိုက ဖုန်းကနေမလုပ်ရပါဘူးလို့သတ်မှတ်ထားပါတယ်..နောက်ဆုံး
တစ်ခု..တစ်ချို့က ငွေရှာတဲ့ဆိုဒ်ကို အင်တာနက်ဆိုင်မယ် သွားသုံးတယ်မလုပ်ပါနဲ့.ကိုယ်ပိုင်အင်တာနက်တစ်လိုင်းတည်းမှာဘဲ သုံးရမှာဖြစ်သလို..ကိုယ့်ရဲကိုယ်ပိုင်ကွန်ပျူတာတစ်လုံးမှာဘဲသုံးပါ...နောက်တစ်ခုက Firefox မှာဘဲဖွင့်ပြီးငွေရှာနေတယ်ဆိုရင် Firefox ကိုဘဲအတည်အကျသုံးပါ..Firefox မှာ
ဖွင့်ထားပြီး Chrome , Mathon , Opera အဲလို Browser တွေမှာပြောင်းသုံးလိုက်လို့ကတော့ ဆလမာဒီးကွန်း ဘိုင့်ဘိုင် Suspended ဖြစ်သွားမှာပါခင်မျာ.. ကဲ...စည်းမျဉ်း
လေးတွေကိုလိုက်နာပါ...အလွန်ဆုံးလုပ်ရ ငါးလပါ..အဲတောအတွင်း တော်တော်လေးကိုအဆင်ပြေလာတာတွေ့ရမှာပါ.... အားပေးမှုကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ :)