
နှလုံးသား မတူသူများ

ငါ့ ဘဝ
ငါ့ ဖြစ်ရပ်
ငါ့ အကြောင်းထဲ
မကြာခဏ
ရောက်ရောက်လာပြီး
ခေါက်တုံ့ခေါက်ပြန်
အားမနာ လျှာမကျိုး
ဝေဖန်အမိန့်ပေးသံနဲ့
ကောင်းကင်က မြေပြင်ကိုငုံကြည့်သလို
ငါ့ကိုလာလာပြီး မကြည့်ပါနဲ့
တောင်းပန်ပါတယ် ။
လှပတဲ့ တောင်ပေါ်မြို့
မင်းရောက်ခဲ့သလား
ရိုးရာမပျက်တဲ့ အင်းလေးကန်အလှ
မင်း မြင်ဖူးခဲ့သလား
လမ်းဆုံး ရွာမတွေ့
နေရာဒေသကို
အထာကြီးနဲ့ ဆရာကြီးစကားတွေ
လာလာပြီးမပြောပါနဲ့
ချိုနေတဲ့ နား
မခါးရအောင် ဝေးဝေးကသာ
ရှောင်သွားပါလား။
ငါ့ ဖြစ်ရပ်
ငါ့ အကြောင်းထဲ
မကြာခဏ
ရောက်ရောက်လာပြီး
ခေါက်တုံ့ခေါက်ပြန်
အားမနာ လျှာမကျိုး
ဝေဖန်အမိန့်ပေးသံနဲ့
ကောင်းကင်က မြေပြင်ကိုငုံကြည့်သလို
ငါ့ကိုလာလာပြီး မကြည့်ပါနဲ့
တောင်းပန်ပါတယ် ။
လှပတဲ့ တောင်ပေါ်မြို့
မင်းရောက်ခဲ့သလား
ရိုးရာမပျက်တဲ့ အင်းလေးကန်အလှ
မင်း မြင်ဖူးခဲ့သလား
လမ်းဆုံး ရွာမတွေ့
နေရာဒေသကို
အထာကြီးနဲ့ ဆရာကြီးစကားတွေ
လာလာပြီးမပြောပါနဲ့
ချိုနေတဲ့ နား
မခါးရအောင် ဝေးဝေးကသာ
ရှောင်သွားပါလား။
ဘယ်လိုပဲပြောပြော
သဘောမပေါက်ဘူးဆိုရင်တော့
ကျွဲနား စောင်းတီးခဲ့တဲ့
ကျွန်မပါပဲ
ပိုးလဲကုန်ပြီ
မောင်ပုံ ဘာမှမတတ်တာ
သင်ဆရာအပြစ်ပဲရှိပါစေတော့
ရှိစေတော့ ။
လမ်းတူကိုလျှောက်နေပါလျှက်
မင်းနဲ့ငါ ကွာဟနေတာ
သိပါရဲ့လား
အဲတာ ရင်ထဲက
နှလုံးသားပါပဲ ။