ငွေရှာနည်းနှင့်ပတ်သက်သောပို့များ

Tuesday, October 23, 2012

အလွမ်းမိုးစက် ကဗျာတွေတိုးကာဖက်

                         အလွမ်းမိုးစက် ကဗျာတွေတိုးကာဖက်

 

 

 

အော်
အလွမ်းမိုးစက်တွေ
တဖျောက်ဖျောက်နဲ့ကျနေလေတော့
ကဗျာတွေ တိုးပြီးရင်း တိုးလို့
ရင်ဘတ်ထဲထိုးဖောက်ဝင်လာပြန်ရော
ကာရံတွေမိုးထားတဲ့
ကောင်းကင်ပျိုမှာ
ညိုတိုတို
သံယောဇဉ် တိမ်တောင်ထုတွေက
စိတ်ဆိုး မာန်တိုး
အငြိုးများနဲ့
ဖွဲ့နွဲ့ကာ
ကြလိုက်ပြန်တော့
ဝသန်ရာသီ
အလွမ်းမိုးစက်တွေ
တဖွဲဖွဲဆိုပေမယ့်လဲ
ကဗျာတွေ သည်းသည်းမည်းမည်း
ဒီရင်ခွင်ထဲ
တောက်လျှောက်ရောက်လာပါရဲ့လေ
ပန်းကဗျာလေလား
အလွမ်းကဗျာလေပဲလား
ခွဲခြားမသိလဲ
ရင်ဘတ်ထဲထိအောင်သူရောက်ခဲ့ပါရောကွယ်
အကြင်နာတွေပြပြပြီးလဲ
သံယောဇဉ်မိုးစက်တွေ
သူဖန်ဆင်းတတ်နေပြီ
အုံ့အုံ့ဆိုင်းဆိုင်း
မိုးသားတိမ်ထုထဲ
နေရောင်ခြည်
မကျဲတကျဲလေးတိုးဝင်လာခဲ့ရင်
ချစ်သူကိုတမ်းတတတ်နေပြီး
နှလုံးသားထဲအလွမ်းတွေ
တငွေ့ငွေ့ကျန်နေပြန်ပြီ
မင်းရင်ဘတ်အခွံကြီးသက်သက်အရောက်လာခဲ့လဲ
ချစ်သူ ငါ့ နှလုံးသားထဲမှာ
မင်းအတွက် ကဗျာတွေအများကြီးပါကွယ် ။


လင်းသူရ

 

No comments:

Post a Comment

လာရောက်လည်ပတ်သိအတွက် ကျေးဇူးပါ။Nerdbuxမှာ မင်ဘာဝင်ခဲ့ဖို့မမေ့ပါစေနဲ့နော်