ငွေရှာနည်းနှင့်ပတ်သက်သောပို့များ

Monday, November 19, 2012

ကျွန်မ မောင့်ကို ချစ်သည်။


ကျွန်မ မောင့်ကို ချစ်သည်။


ကျွန်မ    : လက်တစ်ဝါးစာ ရင်ဘတ်ကလေးနဲ့ မိုးကောင်ကင်လောက် ခံစားသူ။
မောင်    : ကျွန်မ မပိုင်ဆိုင်သော ကျွန်မ၏ ဒုတိယအသက်။
ချစ်သည်    : ချစ်သည်ဟု ဆိုရာဝယ် “အချစ်” ဆိုသည့် စကားကို ထပ်မံညွှန်းဆိုရန် လိုမည် ထင်သည်။
အချစ်    : လူအမျိုးမျိုး၊ စိတ်အထွေထွေ တွင် အချစ်သည် အဓိပ္ပါယ်အမျိုးမျိုးဖြင့် ရပ်တည်နေပါလိမ့်မည်။

တစ်ချို့က အချစ်ဆိုတာ ချိုလဲချို၊ ခါးလဲခါး၊ မာလဲမာ၊ ပျော့လဲပျော့၊ ပူလဲပူ၊ အေးလဲအေးသည်ဟု ဆိုသည်။ တစ်ယောက်ကလဲ အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းဟု ပြောသည်။ ပေးဆပ်လိုက်ရသူ တစ်ယောက်ကလည်း အချစ်ဆိုတာ စွန့်လွှတ်ခြင်းဟု၍ ပြောပါလိမ့်မည်။ အချစ်ဆိုတာ ရေခဲတုံးလိုပဲ စားခဏမှာ အေးပြီး ရင်ထဲရောက်ရင် ပူတယ်ဟု ဆိုသူက ဆိုပြန်သည်။ အချို့သော သူတွေအတွက်တော့ အချစ်ဟာ ခွန်အားတစ်ခု ဖြစ်သလို အချို့အတွက်တော့ အချစ်ဟာ နတ်ဆိုးတစ်ပါး ဖြစ်နေလေရဲ့။

အချစ်ဟူသည် ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ ရှုံးနိမ့်ခြင်း၊ ကျဆုံးခြင်း၊ လဲပြိုခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်း၊ အေးမြခြင်း၊ ပူလောင်ခြင်း၊ ......

ကျွန်မအတွက်တော့ အချစ်သည် “အချစ်” သာ ဖြစ်သည်။ ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုချက်မျိုးမှ မပါဝင်သော “အချစ်” သပ်သပ်သာ ဖြစ်သည်။

မောင့်အတွက် ..... ကျွန်မ၏ အချိန်များ ပေးဆပ်ခဲ့သည်။ ကျွန်မ၏ ပေးဆပ်မှုများကို မောင် အသိအမှတ်ပြုသည် ဖြစ်စေ လှစ်လျှုရှုသည် ဖြစ်စေ.. ကျွန်မ မောင့်ကို ချစ်ပါသည်။
မောင့်အတွက် ..... ကျွန်မ၏ မာနများ၊ အတ္တများ စွန့်လွှတ်ခဲ့သည်။ ကျွန်မ၏ စွန့်လွှတ်မှုများကို မောင် ကြည့်မြင်ခဲ့သည် ဖြစ်စေ၊ မျက်နှာလွှဲသည် ဖြစ်စေ.. ကျွန်မ မောင့်ကို ချစ်ပါသည်။
မောင့်ဆီမှ ..... “ချစ်တယ်” ဟုသော စကားကို ကျွန်မ ရယူပိုင်ဆိုင်ခဲ့သည်။ မရခဲ့လျှင်လည်း ကျွန်မ မောင့်ကို ချစ်ပါသည်။
မောင့်အပါးတွင် ..... ကျွန်မ၏ “ငါ” ဟုသော မာန်များ ကျဆုံးခဲ့သည်။ ရှုံးနိမ့်ခဲ့သည်။ ထိုသည်ကို သူ နားမလည်သော်လည်း ကျွန်မ မောင့်ကို ချစ်ပါသည်။


မောင့်၏ ဂရုစိုက်၊ ကြင်နာမှုများအတွက် ကျွန်မ ၀မ်းမြောက်၊ ပျော်ရွှင်ခဲ့သည်။ မောင်၏ နေနိုင်စိမ်းကားမှုများအတွက် ကျွန်မ လဲပြိုကြေကွဲခဲ့သည်။ မောင်၏ အပြုံးပွင့်များအတွက် ကျွန်မ အေးမြကြည်နူးခဲ့သည်။ မောင်၏ မာထန်သော စကားတို့ အောက်တွင် ကျွန်မ ပူပြင်းလောင်မြိုက်ခဲ့သည်။ ဘယ်လိုပင် ဖြစ်ပါစေ ကျွန်မ မောင့်ကို ချစ်သည်။ မည့်သည်အရာမျှ မပါဝင်သော ချစ်ခြင်းသပ်သပ်ဖြင့်သာ ကျွန်မ မောင့်ကို ချစ်သည်။

လူသားထဲက လူသားတစ်ယောက်ဖြစ်သော ကျွန်မတွင် တခြားသော သူများကဲ့သို့ အတ္တစိတ်လေးများ ရှိသည်။ ဖြစ်နိုင်လျှင် ဒေါင်းတစ်တွန်၊ စွန်တစ်ဝဲစာ ချစ်သူ မောင့်၏ အပါးတွင် နေလိုပါသည်။ မောင့်လက်မောင်းကို တွဲခိုကာ ယုယစကားများ မိနစ်တိုင်းရဲ့ စက္ကန့်တိုင်းမှာ ပြောနေချင်ပါသည်။ မောင့်ရဲ့ ရင်ခွင်ရိပ်အောက်မှာ အေးမြလုံခြုံစွာ နားခိုလိုပါသည်။ မောင်နှင့်အတူ နွေးထွေးသော မိသားစုလေးတစ်ခုအား ဖန်တီးပျိုးထောင်လိုပါသည်။

မောင့်ကို ကျွန်မ ချစ်မြတ်နိုးသလို မောင့်ဖက်မှလဲ ကျွန်မတစ်ဦးတည်းကိုသာ ချစ်ခင်စေလိုသည်။ ကျွန်မ၏ အပါးတွင်သာ ရှိနေစေချင်သည်။ သို့သော် ထိုအခွင့်အရေးများ ရယူလိုသော ကျွန်မ၏ အတ္တထက် မောင့်၏ လွတ်လပ်ပျော်ရွှင်မှုကို ကျွန်မ ပိုပြီး မျှော်လင့်ပါသည်။ မောင့် ဆန္ဒတစ်ခုတည်းဖြင့် ကျွန်မ၏ အတ္တများ ချိုးနှိမ်လိုက်နိုင်သည်။ ကျွန်မ ပိုင်ဆိုင်သော အတ္တများထက် မောင့်ကို ကျွန်မ ချစ်ပါသည်။

မောင့်အပေါ် ထားရှိသော ကျွန်မ၏ ချစ်ခြင်းတွင် အချိန် မလိုအပ်ပေ။ မည့်သည့်ခေတ်ကာလသို့ ရောက်ရှိသည် ဖြစ်စေ၊ မည့်သည် ယဉ်ကျေးမှုတွေ ထွန်းကားသည် ဖြစ်စေ၊ ဝေးကွာရသော အချိန်နာရီတွေ မည်မျှ များပြားသည် ဖြစ်စေ ကျွန်မ မောင့်ကို ချစ်နေ၍ ရသည်။ ထို့အတူ နေရာလဲ မလိုအပ်ပေ။ မောင် မည့်သည့်အရပ်တွင် နေထိုင်သည် ဖြစ်စေ၊ မည်သည့် ဒေသတွင် ရောက်ရှိသည် ဖြစ်စေ၊ မောင်နှင့် ကျွန်မ အကြား မိုင်တွေ မည်မျှ ဝေးကွာသည် ဖြစ်စေ ကျွန်မ မောင့်ကို ချစ်နေ၍ ရသည်။

မောင့်ဘ၀ ရပ်တည်နေထိုင်မှုအတွက် ကျွန်မ နောက်တွန့်မှာ မဟုတ်သလို မောင်၏ ပိုင်ဆိုင်မှုများအတွက် ကျွန်မ၏ ချစ်ခြင်း ပြောင်းလဲမည် မဟုတ်ပေ။ ကျွန်မ ဟုသော အမှတ်နှင့် မောင် ဟုသော အမှတ်တို့ အကြား  ချစ်ခြင်းတစ်ခုသာ ရှိ၍ မောင်၏ နောက်ကွယ်မှ အရိပ်များကို စောင်းငဲ့ကြည့်ဖို့ ကျွန်မ စိတ်မ၀င်စားပါ။ မောင့်ထံတွင် ကျွန်မကဲ့သို့သော အမှတ်များ မည်ရွေ့မည်မျှ ရှိနေမည်ဆိုသည်ကိုလဲ ကျွန်မ မေးမြန်းသိရှိလိုစိတ် မရှိပါ။ မောင့် နှုတ်ခမ်းအစုံမှ “ချစ်တယ်” ဟုသော စကားတစ်ခွန်း ကျွန်မအတွက် တွဲလွဲခိုနေသရွေ့ မောင်၏ ချစ်သူမှာ ကျွန်မသာလျှင် ဖြစ်သည်ဟု ကျွန်မ ခံယူသည်။ သို့မဟုတ်ခဲ့လျှင်လည်း ကျွန်မ မောင့်ကို ချစ်ပါသည်။

ကျွန်မ၏ နှလုံးအိမ်အတွင်းဝယ် မောင့်အတွက် ချစ်ခြင်းမေတ္တာများ ပြည့်ဝနေသော်လည်း မောင့်၏ ဦးစားပေးစာရင်းတွင် နံပါတ်ခုနှစ် နေရာ၌ တည်ရှိရခြင်းအပေါ် ကျွန်မ ငြူစူစရာ အကြောင်း မရှိခဲ့ပါ။ မည်သို့သော အကြောင်းအချင်းအရာတွေ ရှိနေသည် ဖြစ်စေ...  မောင်၏ ”ချစ်တယ်” ဟုသော စကားတစ်ခွန်းနှင့် ကျွန်မ ကျေနပ်ရောင့်ရဲနိုင်သည်။


ချစ်တိုင်းလဲ လက်ထပ်ဖို့ မဖြစ်သလို လက်ထပ်တိုင်းလဲ အချစ် မဖြစ်ဘူး ဒါပေမယ့် ချစ်သူတိုင်းကတော့ လက်ထပ်ဖို့ ရည်ရွယ်ပြီး ချစ်ခဲ့ကြတာချည်း ဖြစ်သည်။ သို့သော်...
မတူညီသော နယ်ပယ်အသိုင်းအ၀ိုင်းတွင် ကွဲပြားခြားနားသော ရပ်တည်မှုတို့ဖြင့် ရှင်သန်နေထိုင်နေကြသော ကျွန်မနှင့် မောင်၏ အကြားတွင် “ဆုံနိုင်ခွင့်” ဟုသည် ရာခိုင်နှုန်း နည်းပါးသော ဖြစ်နိုင်ချေတစ်ခုပင် ဖြစ်သည်။

ဆိုခဲ့ပြီးသလို အချစ်သည် အချစ်သပ်သပ်သာ ဖြစ်သည်ဟု ခံယူထားသည့်အတွက်.. တစ်ယောက်တစ်နေရာစီနေပြီး ပေါင်းဆုံနိုင်ခြင်း မရှိသည့်တိုင်အောင် ကျွန်မ မောင့်ကို ချစ်နေမည်သာ ဖြစ်သည်။ ကျွန်မ၏ အချစ်သည် ချိပ်မဟုတ်သည့်အပြင် မောင်ကလဲ ကျွန်မအတွက် မီးတောက်တစ်ခု မဟုတ်သည့်အတွက် “မီးဝေး ချိပ်မာ” ဟုသော စကားမှာ မောင်နှင့် ကျွန်မအတွက် အကျုံးဝင်မည် မဟုတ်ပေ။

ကျွန်မရင်ထဲက ချစ်ခြင်းမေတ္တာများကို မောင့်အနေဖြင့် အလုံးစုံ ယုံကြည်မှုပေးနိုင်ဖို့ မသေချာသော်လည်း မောင့်၏ နှုတ်ထွက်စကားတစ်ခွန်းတည်းဖြင့် ဘ၀တစ်သက်လုံးစာ ကျွန်မ မောင့်ကို ယုံကြည်ပါသည်။ ထိုယုံကြည်မှုနှင့်အတူ.. ကျွန်မ မောင့်ကို ချစ်ပါသည်။

အချစ်

အချစ်

အချစ် ဆိုသည်မှာ လူ့ခံစားချက် နှင့် တွေ့ထိမှု အမျိုးမျိုးပါဝင်ပြီး အလွန် ပြင်းထန်သော စွဲလမ်းမှုကို ခေါ်သည်။ မြန်မာ့ ဓလေ့ထုံးစံတွင် တဏှာပါသော ၁၅၀၀ အချစ် နှင့် တပ်မက်ခြင်းကင်းသော ၅၂၈ အချစ် ဟူ၍ နှစ်မျိုး ခွဲထားသည်။ ၎င်းအချစ်နှစ်မျိုး အပြင် တိရစ္ဆာန်၊အရာဝတ္ထု၊ အကြောင်းအရာများကို ချစ်သော အချစ်များလည်းရှိသေးသည်။ ထိုကွဲပြားသော အဓိပ္ပါယ်များအပြင် ဖေါ်ပြရန် ခက်ခဲသော စိတ်ခံစားမှုများ အတွင်းမှ အချစ် ဆိုသော အခက်ခဲဆုံး စိတ်ခံစားမှုကြောင့် အချစ် ကို ဖွဲ့ဆိုသတ်မှတ်ရာတွင် အမြဲပင် ကွဲလွဲမှုများ ရှိသည်။

အခြေခံအားဖြင့် အချစ်သည်မှာ အခြားသူ တစ်ယောက်ကိုဖေါ်ပြ၍ မရနိုင်လောက်အောင် အလွန်ပြင်းထန်သော ကြင်နာခြင်း ခံစားမှု တစ်မျိုးပင်ဖြစ်သည်။ အချစ်ကို ဤမျှ တိုတောင်းသော အဓိပ္ပါယ်ဖွင့်မှုပင် များစွာသော စိတ်ခံစားမှုများ ကို ကိုယ်စားပြုပြီး တပ်မက်ခြင်း မှသည် အထိအတွေ့ အချစ် (romantic love) တဖန် ပလေတို အချစ် ခေါ် လိင်ကိစ္စ မပါသော အချစ် တို့ပါ သက်ရောက်နိုင်ပြီး တစ်ယောက်တည်းမှသည် အများသို့လည်း ရည်ရွယ်နိုင်သည်။ အချစ်ကို ပုံစံမျိုးစုံဖြင့် ပြုကျင့်ကျပြီး စိတ်၏ ဗဟို ဖြစ်သောကြောင့် လူမှုရေးတွင် အဓိက ကျပြီး အနုပညာ (creative art) တွင် အမြဲပါဝင်သည်။

အဓိပ္ပာယ်ဖွင့်ချက်များ
အချစ်ဟု ဆိုရာတွင် အကြောင်းအရာပေါ် မှုတည်၍ ကွဲပြားသော်လည်း ဆက်စပ်နေသော အဓိပ္ပာယ်များကို ရည်ညွှန်းသည်။ ယဉ်ကျေးမှု ကွာခြားမှု၊စိတ်၏ ခံစားမှုကို လိုက်၍ အချစ်၏ အဓိပ္ပာယ် ကွာခြားမှုများကြောင့် တကမ္ဘာလုံး အတွက် ကိုက်ညီမည့် အဓိပ္ပာယ် မရရှိနိုင်ပေ။
အချစ်၏ မူလသဘောကြောင့် အဓိပ္ပာယ် ဖွင့်ဆိုရာတွင် မကြာခဏ ညှင်းဆိုကြသော်လည်း အချစ်ကို အချစ်မဟုတ်သည် များနှင့် ရှင်းပြနိုင်သည်။ အချစ်သည် အလွန်ကြိုက်သော သဘောရှိပြီး အမုန်း နှင့် ဆန့်ကျင်ဖတ်ဟု ဆိုကြသည်။ အချစ်သည် တဏှာ မဟုတ်ပဲ လိင်ဆန္ဒ နည်းပြီး၊ ခင်တွယ်သော စိတ်ခံစားမှုအတွင်းမှ ပေါ်ပေါက်လာသည်။ သို့သော် အလွန်ခင်သော သူငယ်ချင်းနှင့်ကားမတူပေ။ ထိုအပြင် သူငယ်ချင်းအချစ်ကား သပ်သပ်ဖြစ်သည်။
နာမ်သဘောဖြစ်သော အချစ်သည် ရှုပ်ထွေးပြီး အချစ် ဒဿနများတွင် ဆိုရိုးဆန်ဆန် အဓိပ္ပာယ်ဖွင့်ချက်များ ရှိခဲ့လေရာ၊ ကျော်ကြားသော ၎င်းစာသားတို့မှာ ဘီဂျယ်၏ "အချစ်သည် အရာရာကို အောင်မြင်သည်" (Love conquers all), ဗီတယ်၏ "အချစ်သာလိုသည်" (All you need is love) နှင့် ဘာတရံ ရုဇ်ဆယ်၏ နှိုင်းရှင်ခြင်း မဟုတ်သော "အတိုင်းမဲ့ အချစ်" (absolute value) တို့မှာ ထင်ရှားသည်။
ပုဂ္ဂိုလ်ရေး မပါသော အချစ်
လူတစ်ယောက်သည် တိုင်းပြည်၊ လူမျိုး(သို့)ရည်မှန်းချက်တို့ကို တန်ဖိုးကြီးကြီးထား၍ မြတ်မြတ်နိုးနိုး ချစ်နိုင်သည်။ ထို့အတူ ဝီကီ ဝိုင်းတော်သား တို့ကဲ့သို့ အနစ်နာခံကာ ကူညီသော အပျော်တန်း အလုပ်သမားတို့၏ အချစ်သည်လည်း တစ်ခါတစ်ရံ လူ့ချစ်ခြင်းမှ မမွေးဖွားသော်လည်း မြင့်မြတ်သော အာဇာနည်ဆန်သော ခံစားမှုများနှင့် ရောထွေး၍ ပုဂ္ဂိုလ်ရေးမပါသောအချစ်များ ဖြစ်ပေါ်နိုင်သည်။ လူတို့သည် အရာဝတ္ထု၊ အိမ်မွေးတိရစ္ဆာန်(သို့မဟုတ်) လုပ်ငန်းဆောင်တာ များကိုလည်း တွယ်ဖက်မိလျှင် ချစ်သွားနိုင်သည်။ အကယ်၍ ၎င်းတွင် လိင်ကိစ္စ ပါခဲ့လျှင် အချစ်လွန် (Paraphilia) အဆင့် ရောက်သည်ဟု ခေါ်သည်။

လူ့အချစ်

လူအချင်းချင်း ချစ်သော အချစ်ကို လူ့အချစ် (Interpersonal love) ဟုခေါ်သည်။ ၎င်းသည် ကြိုက်ခြင်းထက် ခံစားမှု ပိုကဲသည်။ တစ်ဖက်သက် အချစ် ဆိုသည်မှာ အပြန်အလှန် မရှိသော ချစ်ခြင်းကို ခေါ်သည်။ လူ့အချစ် သည် လူမှုရေးနှင့် များစွာ ဆက်စပ်သည်။ ၎င်းအချစ်ကို မိသားစု၊ သူငယ်ချင်း နှင့် လင်မယားကြားတို့တွင် ဖြစ်ပေါ်ပေမည်။ လူ့အချစ် ကြောင့် erotomania ကဲ့သို့ စိတ်ဝေဒနာ များစွာတို့လည်း ဖြစ်နိုင်သည်။
သမိုင်းတစ်လျှောက်တွင် ဒဿန နှင့် ဘာသာရေး တို့သည် အချစ် သဘောကို အလွန် တွေးဆခဲ့ပေသည်။ ၂၀ ရာစု နှစ်တွင် အချစ်နှင့် ပတ်သက်၍ စိတ်ပညာ တွင် အများအပြား ရေးသားခဲ့သည်။ နောက်ပိုင်းနှစ်များတွင် အဆင့်ဆင့် ပြောင်းလဲခြင်း စိတ်ပညာ (evolutionary psychology)၊ အဆင့်ဆင့် ပြောင်းလဲခြင်း၊ မနုဿဗေဒ၊ ဦးနှောက်ဗေဒ (neuroscience) နှင့် ဇီဝဗေဒ များသည်လည်း အချစ်၏ သဘာဝ နှင့် လုပ်ငန်းတို့ကို လေ့လာသည်။

အချစ် ဓာတု သဘောကို ရိုးရှင်းစွာ ပြပုံ
ဇီဝဗေဒသည် လိင်ကိစ္စကို အချစ်ဟု မြင်ပြီး ဆာလောင်ခြင်း တို့ကဲ့သို့ နို့တိုက် သတ္တဝါ တို့၏ တွန်းအားဟု မြင်သည်။ အချစ် အကြောင်းတွင် ထိပ်တန်းဖြစ်သော Helen Fisher သည် အချစ် တွေ့ကြုံမှုကို ထက်ဆက်နေသော အပိုင်းသုံးပိုင်း တဏှာဖြစ်တည်မှု၊ ဆွဲငင်မှု၊ တွဲမက်မှု ဟု၍ ပိုင်းခြားထားသည်။ လူတို့၏ ဖေါ်ပြခြင်းများကြောင့် တဏှာဖြစ်တည်ပြီး၊ အချစ် ဆွဲငင်မှု ဖြစ်ကာ လူတို့၏ စွမ်းအင်များကို မိတ်လိုက်ရာတွင် သုံးပြီး နောက်ဆုံးတွင် မျိုးဆက်သစ်များ ပေါက်ပွားကာ တွဲမက်မှု ဖြစ်စေသည်။
တဏှာသည် မိတ်လိုက်ခြင်းကို အားပေးသော ပြင်းပြသည့် လိင်ဆန္ဒကို ဖြစ်ပေါ်စေပြီး၊ testostrone နှင့် estrogen ကဲ့သို့ ဓာတု ဓာတ်ပစ္စည်းများ ပိုမို ထွက်လေသည်။ ၎င်းအကျိုးသက်ရောက်မှုသည် ရက်တပတ် သို့မဟုတ် လ အနည်းငယ် ကာလအပိုင်းအခြားတစ်ခုထိ ကြာသည်။ အချစ် ဆွဲငင်မှု သည် ပုဂ္ဂိုလ်တစ်ဦးတစ်ရောက် အတွက်သာ ရွေးချယ်၍ မိတ်လိုက်ရန် အချစ်စိတ် ဖြစ်ပေါ်ပြီး ၎င်းအချစ်စိတ်သည် အမှန်တကယ် မိတ်လိုက်ပြီးသောအခါ လျော့ကျသွားပြန်သည်။ မကြာသေးမှီက ဦးနှောက်ဗေဒ (neuroscience) လေ့လာတွေ့ရှိချက်အရ လူတစ်ရောက်ချစ်မိလျှင် ဦးနှောက်သည် ဓာတု ဓာတ်ပစ္စည်းများ ဖြစ်သည့် pheromones၊ dopamine၊ norepinephrine နှင့် serotonin တို့ အဆက်မပြတ် ထုတ်လုပ်ပေးသည်။ ၎င်းတို့သည် အဖီတမင်း ကဲ့သို့ ဦးနှောက်၏ သာယာမှု အထွတ်အထိပ် (pleasure center) ကို ဆွပေးပြီး နှလုံးခုန်နှုန်း မြန်ကာ စိတ်လှုပ်ရှားခြင်းနှင့်အတူ အစား၊ အအိပ် ပျက်စေသည်။
တဏှာဖြစ်တည်မှု နှင့် အချစ်ဆွဲငင်မှု မှာ ခဏတာ ဖြစ်ပေါ်ရန်ရှိပြီး တတိယ အဆင့်မှာ ရေရှည် ဆက်ဆံရေးအတွက် ရည်ရွယ်သည်။ ဆွဲငင်မှု သည် နှောင်ကြိုး တစ်မျှင်ဖြစ်ပြီး ဆက်ဆံရေးကို အားပေးပြီး နှစ်များစွာ ကြာနိုင်သည်။ နှောင်ကြိုးများကို လက်ထပ်ခြင်း နှင့် သားဆက်များ သို့မဟုတ် အပြန်အလှန် ဆက်ဆံရေးများက နှစ်ဦးနှစ်ဖက် လိုအပ်ချက်အလိုက် ချည်နှောင်ထားသည်။ ၎င်းတို့သည် တိုတောင်းသော ဆက်ဆံရေးများထက် အဆင့်မြင့်သည့် ဓာတု ပစ္စည်းများဖြစ်သော oxytocin နှင့် vasopressin တို့ကို သုံးသည်။ လူများ ချစ်ကျွမ်းဝင်စတွင် nerve growth factor (NGF) ခေါ် ပရိုတိန်း မော်လီကျူးများ ပိုမိုထွက်ရှိပြီး တစ်နှစ်အကြာတွင် မူလအခြေသို့ ပြန်ကျသွားသည်ကို Pavia University မှ အီတာလံ သိပ္ပံပညာရှင် များက ၂၀၀၅ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
စိတ်ပညာ သဘော
စိတ်ပညာသည် အချစ်ကို သိမှု (cognitive) နှင့် လူမှုရေး သဘာဝ အဖြစ် သရုပ်ဖော်သည်။ စိတ်ပညာရှင် Robert Sternberg သည် အချစ် တြိဂံ သီအိုရီ (triangular theory of love) ကို ရေးဆွဲခဲ့ပြီး အချစ်သည် နီးစပ်ခြင်း၊ သံဒိတ်ဌာန် ချခြင်း (commitment) နှင့် အရူးအမူး ဖြစ်ခြင်း (passion) သုံးမျိုး ပါဝင်ကြောင်း ငြင်းဆိုပြုခဲ့သည်။ နီးစပ်ခြင်း သည် လူနှစ်ယောက် ကိုယ်ရေးကိုယ်တာ ကိစ္စများကို ပြောပြပြီး မိမိဘဝ အကြောင်းကို အဆုံးတိုင် ဖွင့်ဟသည်။ နီးစပ်ခြင်းသည် လူမှု ဆက်ဆံရေး နှင့် အချစ်ကိစ္စများတွင် ပေါ်လွင်သည်။ သံဒိတ်ဌာန် ချခြင်း မှာ တစ်နည်းအားဖြင့် ဆက်ဆံရေးသည် ရေရှည်မည်ဟု မျှော်လင့်ခြင်းပင် ဖြစ်သည်။ နှောက်ဆုံး အချစ်၏ ထုံးစံမှာ လိင်စိတ် နှင့် အရူးအမူးဖြစ်ခြင်း ပင်ဖြစ်သည်။ အရူးအမူး အချစ်သည် ရိုမန်းတစ် အချစ်ကဲ့သို့ အတတ်အကျ ရှိသည်။ အချစ် အားလုံးကို ၎င်းသုံးခု အချိုးပြောင်းလည်း၍ ပေါင်းစပ်ခြင်း ဖြင့် ရရှိနိုင်သည်။ အမေရိကန် စိတ်ပညာရှင် Zick Rubin ကမူ အချစ်ကို စိတ်တိုင်းတာမှုများ (psychometrics) ဖြင့် သက်မှတ်သည်။ သူ၏ အဆိုအရ ၎င်းသုံးခုမှာ စွဲလမ်းခြင်း၊ ယုယခြင်းနှင့် နီးစပ်ခြင်း ဟုဆိုသည်။
အဖိုနှင့်အမ ဆွဲငင်သည့် လျှပ်စစ် နိယာမ တစ်ခုဖြစ်သော Coulomb's law ကို ဆက်စပ်၍ လူ၏အချစ်ကို "ဆန့်ကျင်ဖတ်မှ ဆွဲငင်သည်" ဟု ချဲထွန်ကြသည်။ ၎င်းအဆိုကို ပြီးခဲ့သော ရာစုနှစ်ကြာအောင် လေ့လာခဲ့ကြပြီး နောက်ဆုံးတွင် ၎င်းမှာ မမှန်ပဲ လူတို့သည် အကြိုက်တူရာသာ ရွေးချယ်လေ့ရှိကြသည်။ သို့သော် ဆန့်ကျင်ဖတ်ကို လိုလားသော အရာတစ်ခုမှာ ကိုယ်ခံအား စနစ်ဖြစ်ပြီး မျိုးမတူသူတို့ ပေါင်းစပ်လျှင် ခုခံအား ပို၍ ကောင်းလေသည်။
ယဉ်ကျေးမှု အမြင်
မြန်မာ
မြန်မာတို့သည် အချစ်ကို အလွန် တန်ဖိုးထားကြပြီး နောက်ဆုံးတွင် သက်ဆုံးတိုင် အတူတကွ ပေါင်းသင်ရန် ရည်ရွယ်သည်။ မြန်မာတို့သည် အချစ်ကို ဝင်ခံဖွင့်ဟဝန်ခံရာတွင် အချိန်ယူ စဉ်းစားလေ့ရှိပြီး အချိန်ကြာမြင့်စွာလည်း ချစ်ကြသည်။ သုံးနှစ်သုံးမိုး ချစ်ခွင့်ရရန်စောင့်ဆိုင်းနိုင်သည် ဟု ဂုဏ်ယူတတ်ကြသည်။ ခုမြင်ခုကြိုက် ဆိုသော အချစ်ကို လက်ခံကြသော်လည်း အခုတစ်ယောက် နောက်တစ်ယောက်ကား မပြောင်းလဲတတ်ကြပေ။ မြန်မာတို့၏ အချစ်သည် ကြင်နာသော သဘောကို ဆောင်ပြီး လိင်ဆန္ဒကို အချစ်တွင် မဖေါ်ထုတ်ကြပေ။
အချစ်ကြီးသူတို့ကို မြန်မာတို့သည် ကိန္နရာ မောင်နှံ နှင့် တင်စားကြသည်။
ဘာသာရေး ရှူဒေါင့်
ခရစ်ယာန်
ခရစ်ယာန် တို့တွင် အချစ်မှာ ဘုရား (God) မှ ဆင်းသက်လာသည်။ ခရစ်ယာန် တို့သည် Gospel of Mark chapter 12, verses 28-34 ဆိုထားသည့် အတိုင်း
Love God with all your heart, mind, and strength and Love your neighbor as yourself are the two most important things in life ဘုရားကို အသည်းနှလုံး၊ စိတ် နှင့် ရှိသမျှ ခွန်အားတို့ 'အစွမ်းကုန် ချစ်ခြင်း နှင့် သူတပါးတို့အား မိမိကိုယ်ကဲ့သို့ ချစ်ခြင်းသည် ဘဝတွင် အရေးကြီးဆုံး ဖြစ်သည်
ဟု ယုံကြည်ကြသည်။
ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာတွင် ကာမ သည် ခံစားမှု ဖြစ်ပြီး အချစ်ကို ကာမတဏှာ ဟု ခေါ်သည်။ ၄င်းအချစ်သည် အတ္တ ဖြစ်သောကြောင့် နိဗ္ဗာန် သို့ရောက်ရာ လမ်းအတွက် အတားအဆီး ဖြစ်သည်။ သို့သော် ကရုဏာ ခေါ် ကြင်နာခြင်း မှာ အခြားသူများ၏ ဒုက္ခဝေဒနာ ခံစားရခြင်းများ ကို သက်သာစေပြီး နိဗ္ဗာန် ရောက်ရန် လိုအပ်သော ဉာဏ်ပညာ တစ်ခုဖြစ်သည်။
မေတ္တာ သည် မြင့်မြတ်သော အချစ်ဖြစ်သည်။ ၎င်းအချစ်သည် မပြောင်းလဲသော သဘောရှိပြီး အနစ်နာခံခြင်းများ ပါဝင်သည်။ မေတ္တာသည် သာမန် အချစ်နှင့် ကွာခြားပြီး မိမိအတွက် ဖြစ်သော စွဲလမ်းခြင်း နှင့် လိင်ကိစ္စ မပါဝင်ပေ။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်တို့သည် မိမိကောင်းစားရေးထက် သူတပါးကောင်းစားရေးကို အားပေးသည်။
 
 
                               လင်းသူရ

အချစ်

ဘ၀မှာ အချစ်ထက် အရေးကြီးတာတွေ အများကြီးရှိတယ်ဆိုတာ  သိပေမယ့် အချစ်နဲ့

တွေ့တဲ့အခါ နှလုံးသားရဲ့စေခိုင်းရာကို ကျွန်တော်တို့  လုပ်ဆောင်မိခဲ့ကြတယ် .......။

လေးနက်တဲ့ အချစ်က တဘ၀စာ အတွက် ရည်ရွယ်တယ်မဟုတ်လား...ချစ်ခြင်းမေတ္တာ

ဆိုတာ   ရင်ထဲက အလိုလို မွေးဖွားလာတာပါ လိုသလို ပုံသွင်းလို့ရတဲ့အရာ မဟုတ်ပါဘူး

အချစ်ဆိုတာ အကြောင်းပြချက်မရှိဘဲ ချစ်တာဖြစ်တယ်....ဘာကြောင့်ချစ်သလဲဆိုတာ

အတွက် အဖြေမရှိသလို.. ဘာလိုချင်လို့ချစ်တာဆိုတဲ့ လိုချင်တပ်မက်စိတ်လည်းမပါဝင်ဘူး..


 


ချစ်တယ်  ဆိုတဲ့စကားလုံးက နှစ်လုံးတည်းပါ... ဒါပေမယ့်  သူရဲ့နောက်မှာ  အနာဂတ်

အတွက်မျှော်လင့်ချက်တွေ၊ မြတ်နိုးမှုတွေ ၊ ကြင်နာဂရုစိုက်တတ်မှုတွေ၊ နားလည်မှုတွေ ၊

ယုံကြည်မှုတွေ ၊  အထင်ကြီးလေးစားမှုတွေ ၊  သစ္စာစောင့်သိမှုတွေ ၊  စာနာတတ်မှု၊

အများကြီးပါဝင်ပါတယ်...ချစ်တယ်လို့ ပြောဖို့လွယ်ပေမယ့်.. သူ့နောက်က ပါရှိလာမယ့်

အချက်တွေကိုထည့်သွင်းနိုင်ဖို့က ခက်ပါတယ်...ဒါကြောင့် ချစ်တယ်လို့  ဖွင့်မပြောခင် 

အချစ်နဲ့ အတူ ပါလာရမှာတွေကိုသင်ယူလေ့လာနိုင်ပြီးပြီလား သေချာစဉ်းစားပါ......။




ချစ်သူရည်းစားဆိုတာ သူစိမ်းကနေ ရင်းနှီးသူအဖြစ်၊ ရင်းနှီးသူကနေ ချစ်ခင်သူအဖြစ်

တစ်ဦးကိုတစ်ဦး အချစ်နဲ့ လေးစားခြင်းရှိမှ ဒီအချစ်က ရေရှည်တည်မြဲ မှာဖြစ်တယ်။

ဒီလိုပဲ ချစ်မိတဲ့အခါမှာလည်း ချစ်သူနှစ်ဦးကြားမှာ လိုအပ်တဲ့ နားလည်မှု၊ ကြင်နာမှု၊

သစ္စာရှိမှု၊ ချစ်ခင်ယုယမှု တွေကိုပဲ ရယူပါ။ မလိုအပ်တဲ့ ဆူးညှောင့်ခလုတ်တွေဖြစ်တဲ့


အယုံအကြည် ကင်းမဲ့မှု၊ အထင်လွဲမှု၊သ၀န်တိုတတ်မှု၊ အနေကြာလို့ သွေးအေးတတ်မှု
 
 
တွေကို ဖယ်ထုတ်လိုက်ပါ။ တကယ့်အချစ်စစ်မှာ ကြင်နာယုယဂရုစိုက်မှု ဆိုတာ ဘယ်
 
 
အချိန် ဘယ်အရွယ်ရောက်ရောက်  ဘယ်တော့မှ  မရိုးနိုင်တဲ့  ချစ်သူနှစ်ဦးကြားက
 
 
ကြည်နူးဖွယ်ရာ အဖြစ်အပျက်လေးတွေပါပဲ.....
 
 

 


တခါတရံမှာ သူဟာအကြောင်းတခုခုကြောင့် အပြောဆိုးရင်ဆိုးမယ်... ဒေါသထွက်ရင်

ထွက်မယ်...အပြန်အလှန်ပြောဆိုရင် ပြောဆိုမိလိမ့်မယ်...ဒါပေမယ့် ဒါဟာကိုယ့်ကို

မချစ်လို့မဟုတ်ဘူးဆိုတာ နားလည်ပေးထားလိုက်ပါ...စစ်မှန်တဲ့ အချစ်စစ်ဟုတ်

မဟုတ်ဆိုတာ အပေါ်ယံစကားတွေထက် အရေးကြုံတိုင်း သူ့အကျိုးမကြည့်ဘဲ

ကိုယ့်အတွက်ပဲစဉ်းစားပေးတတ်တဲ့သူ့ရင်ထဲကလုပ်ရပ်တွေက သက်သေပြတာပါ...





ချစ်သူရေ...ရန်ဖြစ်လိုက် ပြန်ချစ်လိုက်...ပြန်ချစ်လိုက် ရန်ဖြစ်လိုက်နဲ့ တို့နှစ်ယောက်

လက်တွေ မြဲခဲ့တယ်.... နှစ်ယောက်ကြားမှာ ကတောက်ကဆဖြစ်တာပြဿနာမဟုတ်ပါဘူး...

လျှာနဲ့ သွားတောင် တခါတလေကိုက်မိသေးတာပဲ...ရန်ဖြစ်ပြီး ပြန်မချစ်တာကမှ ပြဿနာပါ...

မင်းစိတ်အခန့်မသင့်တဲ့ အခါ ရန်တွေ့ချင်တွေ့ပါ....ပြီးရင်တော့ ပြန်ချစ်ဖို့ မမေ့လိုက်ပါနဲ့..........


                 လင်းသူရ

ကမ္ဘာပျက်ပုံ

ကမ္ဘာပျက်ပုံ ဖြစ်ဖြစ်သမျှ အရာဝတ္ထုအစုစုသည် တစ်နေ့ကျလျှင် ဧကန်ပျက်ရမည် အနိစ္စတရားသာဖြစ်သည်။ ထို့ကြောင့် သတ္တ၀ါတို့တည်နေရာ ဤကမ္ဘာလောကကြီးလည်း ထို အနိစ္စနယ်တွင် ပါဝင်ရကား ခိုင်မြဲတည်တံ့နိုင်မည်မဟုတ်။ တစ်နေ့ကျလျှင် ဧကန်မုချ ပျက်ရချေမည်။ ကမ္ဘာလောကပျက်ဖို့ရာ အကြောင်းမှာ မီး၊ ရေ၊ လေ အားဖြင့် ၃-မျိုးရှိ၏။ မီးကြောင့်ပျက်စီးရမည့် ကမ္ဘာကြီး၌ ပျက်ချိန်တန်လျှင် ရှေးဦးစွာ နေ ၂-စင်းပေါ်လာ၏။ ရိုးရိုးနေက နေ့အခါထွက်၍ နေသစ်က ညဉ့်အခါ ဆက်လက်တက်လာသဖြင့် ညဉ့်အခါဟု မရှိတော့ပြီ။ ထိုနေအသစ်၏ ပူလောင်မူကြောင့် မြစ်ငယ် ချောင်းငယ်များ၌ ရှိသော ရေတွေ ခြောက်ခန်းရလေတော့ သည်။ ထို့နောက် ၃-စင်းမြောက် နေအသစ်ပေါ် လာပြန်သောအခါ မြစ်ကြီးများ၌ရှိသော ရေတွေခြောက်ခန်း၏။ ၄-စင်းမြောက်နေ ပေါ်လာပြန်လျှင် ဟိမ၀န္တာအတွင်းရှိ အိုင်ကြီး ၇-အိုင်လည်း ခြောက်ခန်းရတော့သည်။ ထို့နောက် ၅-စင်းမြောက်နေ ပေါ်လာပြန်လျှင် သမုဒ္ဒရာ ရေခြောက်ခန်း၏။ ၆-စင်းမြောက်နေ ထွက်လာသောအချိန်မှာ ကမ္ဘာလောက၌ အစိုးအစေးဟူ၍ လုံးဝမရှိတော့။ ၇-စင်းမြောက်နေ ပေါ်လာသောအခါ ဤကမ္ဘာလောကမျိုး တစ်သိန်းမျှ မီးဟုန်းဟုန်းထလျက် ကာလအတော်ကြာလျှင် ကမ္ဘာမြေပြင်မှ ပထမဈာန် ဗြဟ္မာ့ဘုံတိုင်အောင် မီးတောက်မီးလျှံစွဲရကား ဟိမ၀န္တာတောင်၊ မြင့်မိုရ်တောင်၊ စကြ၀ဠာတောင်ကြီးများနှင့်တကွ ငွေ ရွှေ ရတနာ နီလာ မြသား အလွန်ကြီးမားသော ဗိမာန်များလည်း မတိမ်းသာမရှောင်သာ လောင်စာချည်း ဖြစ်ကြရလေတော့၏။ မီးလောင်စာမရှိ၍ မီးတောက်မီးလျှံငြိမ်းလျက် ပြာအမူန့်မဆ မကျန်တော့သည့်အခါကျမှ ကမ္ဘာပျက်ခြင်းကိစ္စ ပြီးတော့သည်။ (ရေဖျက် လေဖျက်ဖို့ အလှည့်ကြုံသည့်အခါ၌လည်း ဆားငန်ရေထိ၍ မြည့်မြည့်ကြေရပုံ၊ လေမုန်တိုင်းကျ၍ မွမွကြေရပုံများကို သိပါလေ။) ပျက်နေရာ အချိန်အခါ ဤသို့ ကမ္ဘာလောကဓာတ်ကြီး၏ ပျက်စီးနေရ အချိန်အခါသည် “နှစ်ပေါင်းမည်မျှကြာသည်”ဟု မခန့်မှန်းနိုင်လောက်အောင်ပင် ကြာ၏။ ၁၀-နှစ်တမ်းမှ တဖြည်းဖြည်းတက်၍ အသက်အသင်္ချေတမ်းသို့ရောက်၊ ထိုအသင်္ချေတမ်းမှ တဖြည်းဖြည်းဆုတ်၍ ၁၀-နှစ်တမ်းသို့ရောက်၊ ဤ တက်ကပ် ဆုတ်ကပ် တစ်စုံကို အန္တရကပ်(အကြားကပ်) ဟုခေါ်၏။ ကမ္ဘာလောကကြီး မီးလောင်၍ ပျက်စီးရာနေရာ အချိန်အခါသည် ထိုအန္တရကပ်ပေါင်း ၆၄-ကပ်မျှကြာသတဲ့။ ထိုကဲ့သို့ ပျက်စီးပြီးနောက် (အိမ်တစ်ဆောင်ကို မီးလောင်ပြီးနောက် အိမ်အသစ်မဆောက်ခင် ပျက်မြဲအတိုင်း တည်နေသကဲ့သို့) ကမ္ဘာအသစ်မတည်ခင် ပျက်မြဲအတိုင်းတည်သော အချိန်လည်း အန္တရကပ် ၆၄-ကပ်မျှပင် ကြာသတဲ့။ သတ္တ၀ါတိုင်း ဗြဟ္မာ့ပြည်မှာ ထိုသို့ ကမ္ဘာပျက်နေတုန်းအခါ ပျက်မြဲတိုင်းတည်နေသော အခါဝယ် သတ္တ၀ါတို့လည်း မီးမလောင်သော အထက်ဗြဟ္မာ့ဘုံသို့ ရောက်နေကြ၏။ “ကမ္ဘာပျက်လိမ့်မည်”ဟု အနှစ်တစ်သိန်းလောက်ကပင် နတ်များကြွေးကြော် ထားကြသောကြောင့် ကြားကြားသမျှ သတ္တ၀ါတွေ ရှေးကလို မမေ့မလျော့နိုင်ကြဘဲ ကုသိုလ်တရား ပွားများ၍ နေကြလေရာ ကမ္ဘာပျက်ခါနီးအခါဝယ် အားလုံးပင် ဗြဟ္မာ့ပြည်သို့ရောက်ဖို့ရန် ဈာန်ကိုရကြလေသည်။ ထို့ကြောင့် နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူမှတစ်ပါး သတ္တ၀ါဟူသမျှ တစ်ကမ္ဘာလျှင် တစ်ခါတော့ ဗြဟ္မာ့ပြည်၌ ဖြစ်ကြ၏။ (နိယတမိစ္ဆာ အယူရှိသူတို့ကား ငရဲသက်မစေ့သေးလျှင် မပျက်သောကမ္ဘာသို့ ပြောင်းရွှေ့၍ ငရဲခံကြရသတဲ့။) အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ကမ္ဘာတည်ပုံ

ကမ္ဘာတည်ပုံ ထိုကဲ့သို့ ကမ္ဘာပျက်ပြီးနောက် တည်ချိန်ရောက်သောအခါ၌ ကမ္ဘာပြုမိုးကြီး ရွာသွန်းလာလေသည်။ ရှေးဦးစွာ မိုးဖွဲကလေးကစပြီး တဖြည်းဖြည်းကြီးမား၍ အိမ်လုံး တောင်လုံးခန့် မိုးပေါက်တွေကျသဖြင့် ပျက်စီးသောနေရာတွင် ဗြဟ္မာ့ပြည် အထိအောင် ရေအလျဉ်ပြည့်လာ၏။ နှစ်ပေါင်းအတော်ကြာ၍ ထိုရေများ တဖြည်းဖြည်း ခန်းခြောက်လေသော် မီးလောင်သော ဗြဟ္မာ့ဘုံ နတ်ဘုံတို့တည်ရာ အရပ်သို့ရောက်လျှင် ဗြဟ္မာ့ဘုံ နတ်ဘုံများလည်း တည်ပြီးဖြစ်တော့၏။ ထို့နောက် တဖြည်းဖြည်း ရေလျော့လာခဲ့ရာ လူ့ဘုံတည်ရာသို့ ရောက်လာလျှင် ရေအလျဉ် မလျှော့ကျတော့ဘဲ မြင့်မောက်သောနေရာ၌ တောင်ကြီး တောင်ငယ်၊ ချိုင့်ဝှမ်းသောနေရာ၌ မြစ်ကြီးမြစ်ငယ်၊ ညီညွတ်သောနေရာ၌ မြေပြင်ဖြစ်ဖို့ရာ ရေ၏ အထက်ပေါ်မှာ (နွားနို့ မလိုင်တက်သကဲ့သို့) ခပ်ပျစ်ပျစ် ခပ်ခဲခဲဖြစ်ရာမှာ ကာလကြာလျှင် ကျောက်တောင်ကျောက်သား မြေသားတွေ ဖြစ်ကြရလေသည်။ ထိုကဲ့သို့ဖြစ်နေသော မြေသားသည် အထုယူဇနာ ၂-သိန်း ၄-သောင်း ရှိ၏။ ထိုမြေသားကို ခံနေသောရေကား အလွန်အေးမြ၍ လေပူ နေပူမတွေ့ရသော ရေခဲပြင်ကြီးဖြစ်နေဖွယ်ရှိ၏။ ရေပြင်ကြီးသည် ယူဇနာပေါင်း ၄-သိန်း ၈-သောင်းထူရကား ယူဇနာ ၂-သိန်း ၄-သောင်းမျှသာထူသော မြေပြင်ကြီးကို ဆောင်ရွက်ထားဖို့ရန် တာဝန်ကြီးဖွယ် မရှိတော့ပြီ။ ထိုယူဇနာ ၄-သိန်း ၈-သောင်းထူသော လေပြင်ကြီးက ပင့်မြှောက်၍ ထားသတဲ့။ ထိုလေပြင်၏ အောက်မှလည်း မဆုံးနိုင်သော ဟာလာဟင်းလင်းကြီး ရှိလေသေးသည်။ ဤကဲ့သို့ လေထု ရေထု မြေထုနှင့် လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံ အစုံအလင်ရှိကြသော ကမ္ဘာလောကလည်း ငါတို့နေရာ ဤကမ္ဘာတစ်ခုသာမက ရေတွက်၍ မကုန်မဆုံးနိုင်လောက်အောင် များပြားလေ၏။ ထို့ကြောင့် အနန္တစကြ၀ဠာ (အဆုံးမရှိသော စကြ၀ဠာ)ဟုခေါ်စမှတ်ပြုကြသည်။ ထိုစကြ၀ဠာအများတွင် ကုဋေတစ်သိန်းလောက်သော စကြ၀ဠာတို့မှာ ပျက်လည်းအတူ ဖြစ်လည်း အတူ ပင်တည်း။ စကြ၀ဠာ တစ်ခုနှင့်တစ်ခု ကွဲပြားအောင် စကြ၀ဠာ ကျောက်တောင်ကြီးက မဟာရံတံတိုင်း ခတ်သလို ရံပတ်၍နေလေသည်။ လောကန္တရိတ်ငရဲ စကြာဝဠာ ၃-ခုအကြား၌ (လင်ပန်း ၃-ချပ်စပ်နေသလို) အကြားတစ်ခုရှိ၏။ ထိုအကြား၌ နေရောင် လရောင် မထွန်းနိုင်ဘဲ အမြဲမှောင်၍နေ၏။ ထိုအကြားကို “လောကန္တရိက်ငရဲ”ဟုခေါ်၏။ မိဘ သူတော်ကောင်းများကို စော်ကားသူတို့ ပြိတ္တာ အသူရကာယ်ဖြစ်လျက် မစားရ မသောက်ရဘဲ ထိုလောကန္တရိက်ငရဲ၌ဖြစ်ကာ သစ်ပင်ကို လင်းနို့များ တွယ်နေသလို စကြ၀ဠာနံရံကို တွယ်ကပ်နေရာမှ တစ်ကောင်နှင့်တစ်ကောင် မှောင်အတွင်း တွေ့ကြသောအခါ အစာမှတ်၍ လှမ်းအဟပ်လိုက်တွင် အောက်ခံရေပြင်ပေါ် သို့ ကျသဖြင့် မွမွကြေရလေသတဲ့။ မြင်းမိုရ်တောင်စသည် ထိုပြခဲ့သော စကြ၀ဠာ ကမ္ဘာလောကကြီး၏ အလယ်ဗဟို၌ ယူဇနာ တစ်သိန်းခြောက်သောင်း ရှစ်ထောင်မြင့်သော မြင့်မိုရ်တောင် တည်ရှိ၏။ (ထို ၁၆၈၀၀၀ တွင် ရှစ်သောင်း လေးထောင်မှာ သမုဒ္ဒရာတွင်း နစ်မြုပ်နေသောကြောင့် သမုဒ္ဒရာရေပြင်မှ အထက်သို့ မြင့်တက်နေသော အထက်ပိုင်းကိုသာ ရေတွက်၍ “ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်”ဟုဆိုကြ၏။) ထိုမြင်းမိုရ်တောင်၏ ပတ်ဝန်းကျင်၌ “သီဒါ” ခေါ် မြစ်တစ်စင်းက တံတိုင်းခတ်သလို ရံပတ်လျက်နေလေသည်။ ထိုသီဒါ၏ အပြင်ဘက်၌ ယုဂန္ဓိုရ်တောင်တည်ရှိ၏။ အမြင့်မှာ မြင်းမိုရ်တောင်၏ တစ်ဝက်သာမြင့်၍ သမုဒ္ဒရာရေအတွင်းသို့လည်း တစ်ဝက်မျှဝင်လေသည်။ ထို ယုဂန္ဓိုရ်တောင်၏ ပြင်ဘက်၌ သီဒါမြစ်ခြား၍ ဤသန္ဓိုရ်တောင် တည်ပြန်၏။ ဤနည်းအတိုင်း မြင်းမိုရ်တောင်ကို သီဒါ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြလေသည်။ ကျွန်းကြီးကျွန်းငယ် ထိုတောင်များ၏ ပြင်ဘက်၌ သမုဒ္ဒရာရေပြင်ကြီးသည် စကြ၀ဠာတံတိုင်းအထိ တည်ရှိလေ၏။ ထိုရေပြင်၏ အလယ်၌ ကျွန်းကြီး ကျွန်းငယ်အသွယ်သွယ် ပေါ်ထွန်းလျက်ရှိရကား မြင်းမိုရ်တောင် အရှေ့ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို အရှေ့ကျွန်း။ ထို့အတူ တောင်၊ အနောက်၊ မြောက်ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်းဟု ခေါ်ဝေါ် ရလေသည်။ နတ်ပြည် ဗြဟ္မာ့ပြည် မြင့်မိုရ်တောင်၏တစ်ဝက် ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏။ ယခု မြင်ရသော နေ လ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်ဝယ် ပါဝင်သော ဘုံဗိမာန်များဟု ဗုဒ္ဓဘာသာ ကျမ်းစာများ၌ဆို၏။ မြင်းမိုရ်တောင်ထိပ်နှင့် ညီမျှသောအရပ်ဝယ် “တာဝတိံသာ” နတ်ပြည် တည်ရှိ၏။ သိကြားမင်းစံရာ သုဒဿနုခေါ် နတ်မြို့တော်သည် မြင်းမိုရ်တောင်ထိပ်မှာ တည်ရှိသတဲ့။ ယာမာ၊ တုသတာ၊ နိမ္မာနရတိ၊ ပရမ္မိတ၀သသတ္တိ နတ်ပြည်လေးထပ်ကား မြေကြီးနှင့် လုံးဝမစပ်ပဲ ကောင်းကင်မှာပင် အဆင့်ဆင့်မြင့်ကာ တည်ရှိကြလေသည်။ ဗြဟ္မာ့ဘုံများလည်း ထို့အတူပင်။ (အကျယ်ကိုသိလိုလျှင် သင်္ဂြိုဟ်ဘာသာဋီကာ ၀ီထိမုတ်ပိုင်းမှာကြည့်ပါ။) အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

အချစ်ဆိုတာ

အချစ်ဆိုတာ............... တစ်ခါတစ်လေကျတော့ ကျွန်တော်စဉ်းစားမိတယ် အချစ် ဆိုပုရုတ်လုံးနဲ့ တူသလားလို့။ ဘာဖြစ်လို့လဲဆိုတာ ကျွန်တော်တို့ အကြောင်းကို ပြန်စဉ်းစားမိပြီး ဒီလိုအတွေးဝင်လာလို့ပဲ။ သူမ နဲ့ ကျွန်တော် ချစ်သူတွေ မဖြစ်ခင်တုန်းက ညတိုင်းဖုန်းဆက်ဖြစ်သလို ၊ သူမ ပြန်ခါနီးကျရင်လည်း ကျွန်တော့်ဆီ အမြဲတမ်းဖုန်းဆက်တယ်။ ပြီးတော့ သူမ ကျွန်တော့်ဆီကို တစ်ပတ် ၁ ရက်လောက် အမြဲတမ်းလာတတ်တယ်။ ရည်းစားဖြစ်ပြီးတော့ ကျွန်တော်တို့ ကြားထဲမှာ ရှိတဲ့ စည်းက နည်းနည်းခြင်းဆီ အေးခဲသွားပြီး ပိုမိုခိုင်မြဲလာတယ်လို့ ကျွန်တော် ထင်မိတယ်။ ကျွန်တော်တို့ နှစ်ယောက် ညတိုင်းဖုန်းမဆက် ဖြစ်ကျသလို သူမလည်း သူမပြန်ခါနီးတိုင်း ကျွန်တော့်ဆီ ဖုန်း အမြဲတမ်း မဆက်တော့ဘူး။ ဒါတွေကလည်း ကျွန်တော်အထင် တစ်ယောက်နဲ့တစ်ယောက် ချစ်သူတွေ ဖြစ်သွားပြီဆိုတော့ ယုံကြည်မှုတွေ ရပြီး အရင်ကလောက် ဖုန်းဆက်ပြီး စိုးရိမ်စရာတွေ ၊ ပြောစရာတွေ သိပ်မလိုအပ်တော့ဘူးလို့ ကျွန်တော် ထင်တယ်။ ပြီးတော့ ကျွန်တော့်တို့ ၂ ယောက်ဟာ ရည်းစားတွေဆိုပေမယ့် ၂ ယောက်တည်းတွေ့တဲ့ အချိန်တွေက အရမ်းနည်းတယ်။ တစ်ပတ် မှာ ၁ ရက်ကိုတောင် အနိုင်နိုင်။ ဒါတွေက အနေတွေ ဝေးနေကြလို့လားဆိုတော့လည်း မဟုတ်ဘူး။ ရုံး ၂ ရုံးက လမ်းလျှောက်သွားရင်တောင် ၁၀ မိနစ်တောင် မကြာဘူး။ ပြီးတော့ ဖုန်းပြောကြရင်လည်း သူများသမီးရည်းစားတွေလို အချစ်အကြောင်းတွေ သိပ်မပြောဖြစ်တော့ပဲ ဘ၀ အကြောင်းတွေ ၊ ပြဿာနာတွေ အကြောင်းပြောတာ များလာတယ်။ အရင်ကလောက် Romantic မဖြစ်တော့ဘူးလို့ ပြောရမလားပဲ။ ဒါပေမယ့် ၂ ယောက်တည်းတွေ့ကြတဲ့ အခါကျရင်တော့ မနေ့တနေ့ကမှ အဝေးကနေ ပြန်ရောက်လာကြတဲ့ သမီးရည်းစားတွေလည်း စကားတွေ ဖောင်ဖွဲ့စွာပြောကြပြီး အရမ်းကို ကြည်နှုးနေကြတဲ့ စုံတွဲတွေလို ဖြစ်နေကြတယ်။ ဘာဖြစ်လို့လဲတော့ ကျွန်တော်လည်း ညဏ်မီသလောက် စဉ်းစားလို့ မရတော့ဘူး။ လင်းသူရ

Friday, November 16, 2012

"ဘားကုဒ်တွေကို ဘယ်လို ဖတ်ကြမလဲ "

"ဘားကုဒ်တွေကို ဘယ်လို ဖတ်ကြမလဲ " လူတိုင်းဟာ ပစ္စည်းရဲ့ တံဆိပ် ကလေးတွေကို ကြည့်ပြီး ဝယ်လေ့ရှိ ပါတယ်။ ၄င်း ပစ္စည်းရဲ့ နောက်ကျော ဘက်မှာ ရေးထားတဲ့ ကုဒ်ကိုတော့ ဖတ်လေ့ဖတ်ထ မရှိသလောက်ပါပဲ။ တခါတရံမှာ ပစ္စည်း ထုပ်ပိုးထားတာရဲ့ ဗူးဆိုလျှင် အောက်ခြေလောက်မှာ ခေါင်းလျှော်ရည်ဆိုလျှင် ဘေးမှာ စသည်ဖြင့် ဘားကုဒ်ကလေးတွေ ရှိတတ်ကြပါတယ်။ ထိုဘားကုဒ်ကလေးတွေကို ကြည့်ခြင်းအားဖြင့် ဒီပစ္စည်းဟာ ဘယ်ကလာတယ် ဆိုတာကို သိနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးအစားတိုင်းမှာ တွေ့နိုင်မယ်လို့တော့ သင်တွေးထားလို့ မရပါဘူး။ ဥပမာ ဘယ်နိုင်ငံမှာ ပြုလုပ်ပြီး ဘယ်မြို့မှာ ပြုလုပ်တယ်ဆိုတာကို သင်သိနိုင် ပါတယ်တဲ့။ ဥပမာအားဖြင့် ဂဏန်းရဲ့ ပထမ သုံးလုံးကို ကြည့်လိုက်ပါ။ အဲဒီမှာ 690, 691 or 692 တွေနဲ့ စထားလျှင် ကျနော်တို့ရဲ့ ချစ်စွာသော ပေါက်ဖော်ကြီး တရုပ်က ထုတ် လုပ်တာဖြစ်ပြီး ၄၇ နဲ့ စထားတယ်ဆိုလျှင်တော့ ထိုင်ဝမ်က ထုတ်တာပါ။ ဗဟုသုတ အနေနဲ့ အောက်ပါ ဘားကုဒ်ကလေးမှာကို ဖတ်ကြည့်လိုက်ပါဦး 890......MADE IN INDIA 690, 691, 692 ...တရုပ် 00 - 09 ... USA and CANADA 30 - 37 ... FRANCE 40 - 44 ... GERMANY 471 ........ Taiwan 49 .......... JAPAN 50 .......... UK Ko Thityaraik

ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာတတ်အမျိုးသမီးတစ်ဦးတို့  ပြောဆိုချေပမှု

ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာတတ်အမျိုးသမီးတစ်ဦးတို့  ပြောဆိုချေပမှု နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အတွက် စေ့စပ်ဆွေးနွေးပွဲမှာ ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာတတ် အမျိုးသမီးတစ်ဦးတို့ မီဒီယာများရှေ့၊ တူရကီသံအမတ်ကြီးရှေ့၊ မြန်မာအစိုးရခေါင်းဆောင်များရှေ့တွင် အပြန်အလှန်ပြောဆိုဖြစ် ခဲ့သော စကားများထဲမှ တစ်ခုသော ပြောဆိုချေပမှုတစ်ခုကိုရွှေမြန်မာမီဒီယာဂရုမှ တင်ပြလိုက်ပါတယ်။ ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်။ ။အစပိုင်းတုန်းက အမေရိကတိုက် ဆိုတာ ရက်အင်ဒီးယန်းတွေပဲရှိနေခဲ့တာ။ နောက်ပိုင်းကျမှ အင်္ဂလိပ်တွေ အမေရိကတိုက်ကို သိမ်းပိုက်နိုင်ခဲ့တာပဲ။ ဘယ်သူတွေက အင်္ဂလိပ်တွေကို ကျူးကျော်သူတွေလို့ ပြောကြလဲ။ အခုလည်း ဒီအတိုင်းပေါ့။ ရခိုင်ပြည်ရဲ့ ဘူးသီးတောင်၊ မောင်တောနယ်မှာ အရင်က ရခိုင်တွေရှိနေခဲ့တယ် ဆိုပေမယ့် အခု ကျုပ်တို့ မူဆလင်တွေရှိနေပြီ။ ကဲ- အဲဒီတော့ အဲဒီမြို့နယ်တွေကို အခုဘယ်သူပိုင်သင့်ပြီလဲ။ ခင်ဗျားတို့တွေစဉ်းစားတော့။ ရခိုင်ပညာတတ်အမျိုးသမီးတစ်ဦး။ ။အမေရိကန်အခြေအနေနဲ့ အခုရခိုင်ပြည်အခြေ အနေနဲ့ လုံးဝမတူပါဘူး။ အမေရိကန်နိုင်ငံမှာ အဲဒီခေတ်အခါက ရှိနေခဲ့တဲ့ ရက်အင်ဒီးယန်း တွေဟာ ခိုင်မာတဲ့ ယဉ်ကျေးမှုတွေ မရှိခဲ့ပါဘူး။ ခိုင်မာတဲ့ ဘာသာတရားမရှိခဲ့ပါဘူး။ ခိုင်မာတဲ့ အုပ်ချုပ်မှုအဖွဲ့အစည်းတစ်ခုမရှိခဲ့ပါဘူး။ လုံလောက်တဲ့အသိဥာဏ်ပညာဆိုတာ မရှိခဲ့ပါဘူး။ အဲဒီတော့ အင်္ဂလိပ်တွေ အမေရိကန်နိုင်ငံကို သိမ်းပိုက်လိုက်တာဟာ သူတို့ ရက်အင်ဒီးယန်းလူရိုင်းတွေကို လူယဉ်ကျေးဖြစ်အောင်လုပ်ပေးတဲ့အတွက် သူတို့တွေရဲ့ ကျေးဇူးရှင်တွေလို့တောင်ပြောလို့ရပါတယ်။ အခုရခိုင်ပြည်မှာက ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ အုပ်ချုပ်မှုတွေ၊ အုပ်ချုပ်သူတွေ ခိုင်ခိုင် မာမာရှိနေတယ်။ ဘင်္ဂါလီမူဆလင်တွေဆိုတာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်မှ ရခိုင်ပြည်ထဲသို့ ခိုးဝင်လာသူတွေဖြစ်ကြောင်း ကျွန်မတို့မှာ အထောက်အထား အပြည့်အစုံ ရှိပါတယ်။ သူတို့တွေကို ကြည့်လိုက်ရင်လည်း အလိမ်အညာတွေဗရပွနဲ့ ကမ္ဘာကို ပရိယာယ်ကြွယ်ကြွယ်နဲ့ ငိုပြကြတယ်။ ရက်စက်ကြမ်းတမ်းစွာ ဒေသခံတွေကို သတ်ဖြတ်ခဲ့ကြတာ ငြင်းမရနိုင်တဲ့အချက်ပါ။ အဲဒီလိုအန္တရာယ်တွေ၊ ခြိမ်းခြောက်မှုတွေကို ကြိမ်ဖန်များစွာ ပြုလာကြတဲ့အခါ ဒေသခံ ရခိုင်တွေကလည်း အသက်ဘေးစိုးရိမ်ကြတဲ့အတွက် ဘူးသီးတောင်၊ မောင်တောနယ်တွေ က ထွက်ပြေးကြတယ်။ အဲဒီလို သူတို့တွေကို ကြောက်ပြီးထွက်ပြေးသွားအောင် အကွက်ချပြီးလုပ်ကြတာကို။ အဲဒီတော့ ဘင်္ဂါလီတွေကို ဘူးသီးတောင်၊မောင်တောနယ်တွေကို ပေးဖို့ ဆိုတာ ကတော့ လုံးဝကို မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုလိုပါပဲ။ ကျွန်မပြောချင်တာ ဒါပါပဲ။ လင်းသူရ