Monday, November 19, 2012
အချစ်ဆိုတာ
အချစ်ဆိုတာ...............
တစ်ခါတစ်လေကျတော့ ကျွန်တော်စဉ်းစားမိတယ် အချစ် ဆိုပုရုတ်လုံးနဲ့ တူသလားလို့။ ဘာဖြစ်လို့လဲဆိုတာ ကျွန်တော်တို့ အကြောင်းကို ပြန်စဉ်းစားမိပြီး ဒီလိုအတွေးဝင်လာလို့ပဲ။ သူမ နဲ့ ကျွန်တော် ချစ်သူတွေ မဖြစ်ခင်တုန်းက ညတိုင်းဖုန်းဆက်ဖြစ်သလို ၊ သူမ ပြန်ခါနီးကျရင်လည်း ကျွန်တော့်ဆီ အမြဲတမ်းဖုန်းဆက်တယ်။ ပြီးတော့ သူမ ကျွန်တော့်ဆီကို တစ်ပတ် ၁ ရက်လောက် အမြဲတမ်းလာတတ်တယ်။ ရည်းစားဖြစ်ပြီးတော့ ကျွန်တော်တို့ ကြားထဲမှာ ရှိတဲ့ စည်းက နည်းနည်းခြင်းဆီ အေးခဲသွားပြီး ပိုမိုခိုင်မြဲလာတယ်လို့ ကျွန်တော် ထင်မိတယ်။ ကျွန်တော်တို့ နှစ်ယောက် ညတိုင်းဖုန်းမဆက် ဖြစ်ကျသလို သူမလည်း သူမပြန်ခါနီးတိုင်း ကျွန်တော့်ဆီ ဖုန်း အမြဲတမ်း မဆက်တော့ဘူး။ ဒါတွေကလည်း ကျွန်တော်အထင် တစ်ယောက်နဲ့တစ်ယောက် ချစ်သူတွေ ဖြစ်သွားပြီဆိုတော့ ယုံကြည်မှုတွေ ရပြီး အရင်ကလောက် ဖုန်းဆက်ပြီး စိုးရိမ်စရာတွေ ၊ ပြောစရာတွေ သိပ်မလိုအပ်တော့ဘူးလို့ ကျွန်တော် ထင်တယ်။ ပြီးတော့ ကျွန်တော့်တို့ ၂ ယောက်ဟာ ရည်းစားတွေဆိုပေမယ့် ၂ ယောက်တည်းတွေ့တဲ့ အချိန်တွေက အရမ်းနည်းတယ်။ တစ်ပတ် မှာ ၁ ရက်ကိုတောင် အနိုင်နိုင်။ ဒါတွေက အနေတွေ ဝေးနေကြလို့လားဆိုတော့လည်း မဟုတ်ဘူး။ ရုံး ၂ ရုံးက လမ်းလျှောက်သွားရင်တောင် ၁၀ မိနစ်တောင် မကြာဘူး။ ပြီးတော့ ဖုန်းပြောကြရင်လည်း သူများသမီးရည်းစားတွေလို အချစ်အကြောင်းတွေ သိပ်မပြောဖြစ်တော့ပဲ ဘ၀ အကြောင်းတွေ ၊ ပြဿာနာတွေ အကြောင်းပြောတာ များလာတယ်။ အရင်ကလောက် Romantic မဖြစ်တော့ဘူးလို့ ပြောရမလားပဲ။ ဒါပေမယ့် ၂ ယောက်တည်းတွေ့ကြတဲ့ အခါကျရင်တော့ မနေ့တနေ့ကမှ အဝေးကနေ ပြန်ရောက်လာကြတဲ့ သမီးရည်းစားတွေလည်း စကားတွေ ဖောင်ဖွဲ့စွာပြောကြပြီး အရမ်းကို ကြည်နှုးနေကြတဲ့ စုံတွဲတွေလို ဖြစ်နေကြတယ်။ ဘာဖြစ်လို့လဲတော့ ကျွန်တော်လည်း ညဏ်မီသလောက် စဉ်းစားလို့ မရတော့ဘူး။
လင်းသူရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာရောက်လည်ပတ်သိအတွက် ကျေးဇူးပါ။Nerdbuxမှာ မင်ဘာဝင်ခဲ့ဖို့မမေ့ပါစေနဲ့နော်