ငွေရှာနည်းနှင့်ပတ်သက်သောပို့များ

Monday, November 19, 2012

ကမ္ဘာတည်ပုံ

ကမ္ဘာတည်ပုံ ထိုကဲ့သို့ ကမ္ဘာပျက်ပြီးနောက် တည်ချိန်ရောက်သောအခါ၌ ကမ္ဘာပြုမိုးကြီး ရွာသွန်းလာလေသည်။ ရှေးဦးစွာ မိုးဖွဲကလေးကစပြီး တဖြည်းဖြည်းကြီးမား၍ အိမ်လုံး တောင်လုံးခန့် မိုးပေါက်တွေကျသဖြင့် ပျက်စီးသောနေရာတွင် ဗြဟ္မာ့ပြည် အထိအောင် ရေအလျဉ်ပြည့်လာ၏။ နှစ်ပေါင်းအတော်ကြာ၍ ထိုရေများ တဖြည်းဖြည်း ခန်းခြောက်လေသော် မီးလောင်သော ဗြဟ္မာ့ဘုံ နတ်ဘုံတို့တည်ရာ အရပ်သို့ရောက်လျှင် ဗြဟ္မာ့ဘုံ နတ်ဘုံများလည်း တည်ပြီးဖြစ်တော့၏။ ထို့နောက် တဖြည်းဖြည်း ရေလျော့လာခဲ့ရာ လူ့ဘုံတည်ရာသို့ ရောက်လာလျှင် ရေအလျဉ် မလျှော့ကျတော့ဘဲ မြင့်မောက်သောနေရာ၌ တောင်ကြီး တောင်ငယ်၊ ချိုင့်ဝှမ်းသောနေရာ၌ မြစ်ကြီးမြစ်ငယ်၊ ညီညွတ်သောနေရာ၌ မြေပြင်ဖြစ်ဖို့ရာ ရေ၏ အထက်ပေါ်မှာ (နွားနို့ မလိုင်တက်သကဲ့သို့) ခပ်ပျစ်ပျစ် ခပ်ခဲခဲဖြစ်ရာမှာ ကာလကြာလျှင် ကျောက်တောင်ကျောက်သား မြေသားတွေ ဖြစ်ကြရလေသည်။ ထိုကဲ့သို့ဖြစ်နေသော မြေသားသည် အထုယူဇနာ ၂-သိန်း ၄-သောင်း ရှိ၏။ ထိုမြေသားကို ခံနေသောရေကား အလွန်အေးမြ၍ လေပူ နေပူမတွေ့ရသော ရေခဲပြင်ကြီးဖြစ်နေဖွယ်ရှိ၏။ ရေပြင်ကြီးသည် ယူဇနာပေါင်း ၄-သိန်း ၈-သောင်းထူရကား ယူဇနာ ၂-သိန်း ၄-သောင်းမျှသာထူသော မြေပြင်ကြီးကို ဆောင်ရွက်ထားဖို့ရန် တာဝန်ကြီးဖွယ် မရှိတော့ပြီ။ ထိုယူဇနာ ၄-သိန်း ၈-သောင်းထူသော လေပြင်ကြီးက ပင့်မြှောက်၍ ထားသတဲ့။ ထိုလေပြင်၏ အောက်မှလည်း မဆုံးနိုင်သော ဟာလာဟင်းလင်းကြီး ရှိလေသေးသည်။ ဤကဲ့သို့ လေထု ရေထု မြေထုနှင့် လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံ အစုံအလင်ရှိကြသော ကမ္ဘာလောကလည်း ငါတို့နေရာ ဤကမ္ဘာတစ်ခုသာမက ရေတွက်၍ မကုန်မဆုံးနိုင်လောက်အောင် များပြားလေ၏။ ထို့ကြောင့် အနန္တစကြ၀ဠာ (အဆုံးမရှိသော စကြ၀ဠာ)ဟုခေါ်စမှတ်ပြုကြသည်။ ထိုစကြ၀ဠာအများတွင် ကုဋေတစ်သိန်းလောက်သော စကြ၀ဠာတို့မှာ ပျက်လည်းအတူ ဖြစ်လည်း အတူ ပင်တည်း။ စကြ၀ဠာ တစ်ခုနှင့်တစ်ခု ကွဲပြားအောင် စကြ၀ဠာ ကျောက်တောင်ကြီးက မဟာရံတံတိုင်း ခတ်သလို ရံပတ်၍နေလေသည်။ လောကန္တရိတ်ငရဲ စကြာဝဠာ ၃-ခုအကြား၌ (လင်ပန်း ၃-ချပ်စပ်နေသလို) အကြားတစ်ခုရှိ၏။ ထိုအကြား၌ နေရောင် လရောင် မထွန်းနိုင်ဘဲ အမြဲမှောင်၍နေ၏။ ထိုအကြားကို “လောကန္တရိက်ငရဲ”ဟုခေါ်၏။ မိဘ သူတော်ကောင်းများကို စော်ကားသူတို့ ပြိတ္တာ အသူရကာယ်ဖြစ်လျက် မစားရ မသောက်ရဘဲ ထိုလောကန္တရိက်ငရဲ၌ဖြစ်ကာ သစ်ပင်ကို လင်းနို့များ တွယ်နေသလို စကြ၀ဠာနံရံကို တွယ်ကပ်နေရာမှ တစ်ကောင်နှင့်တစ်ကောင် မှောင်အတွင်း တွေ့ကြသောအခါ အစာမှတ်၍ လှမ်းအဟပ်လိုက်တွင် အောက်ခံရေပြင်ပေါ် သို့ ကျသဖြင့် မွမွကြေရလေသတဲ့။ မြင်းမိုရ်တောင်စသည် ထိုပြခဲ့သော စကြ၀ဠာ ကမ္ဘာလောကကြီး၏ အလယ်ဗဟို၌ ယူဇနာ တစ်သိန်းခြောက်သောင်း ရှစ်ထောင်မြင့်သော မြင့်မိုရ်တောင် တည်ရှိ၏။ (ထို ၁၆၈၀၀၀ တွင် ရှစ်သောင်း လေးထောင်မှာ သမုဒ္ဒရာတွင်း နစ်မြုပ်နေသောကြောင့် သမုဒ္ဒရာရေပြင်မှ အထက်သို့ မြင့်တက်နေသော အထက်ပိုင်းကိုသာ ရေတွက်၍ “ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်”ဟုဆိုကြ၏။) ထိုမြင်းမိုရ်တောင်၏ ပတ်ဝန်းကျင်၌ “သီဒါ” ခေါ် မြစ်တစ်စင်းက တံတိုင်းခတ်သလို ရံပတ်လျက်နေလေသည်။ ထိုသီဒါ၏ အပြင်ဘက်၌ ယုဂန္ဓိုရ်တောင်တည်ရှိ၏။ အမြင့်မှာ မြင်းမိုရ်တောင်၏ တစ်ဝက်သာမြင့်၍ သမုဒ္ဒရာရေအတွင်းသို့လည်း တစ်ဝက်မျှဝင်လေသည်။ ထို ယုဂန္ဓိုရ်တောင်၏ ပြင်ဘက်၌ သီဒါမြစ်ခြား၍ ဤသန္ဓိုရ်တောင် တည်ပြန်၏။ ဤနည်းအတိုင်း မြင်းမိုရ်တောင်ကို သီဒါ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြလေသည်။ ကျွန်းကြီးကျွန်းငယ် ထိုတောင်များ၏ ပြင်ဘက်၌ သမုဒ္ဒရာရေပြင်ကြီးသည် စကြ၀ဠာတံတိုင်းအထိ တည်ရှိလေ၏။ ထိုရေပြင်၏ အလယ်၌ ကျွန်းကြီး ကျွန်းငယ်အသွယ်သွယ် ပေါ်ထွန်းလျက်ရှိရကား မြင်းမိုရ်တောင် အရှေ့ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို အရှေ့ကျွန်း။ ထို့အတူ တောင်၊ အနောက်၊ မြောက်ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်းဟု ခေါ်ဝေါ် ရလေသည်။ နတ်ပြည် ဗြဟ္မာ့ပြည် မြင့်မိုရ်တောင်၏တစ်ဝက် ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏။ ယခု မြင်ရသော နေ လ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်ဝယ် ပါဝင်သော ဘုံဗိမာန်များဟု ဗုဒ္ဓဘာသာ ကျမ်းစာများ၌ဆို၏။ မြင်းမိုရ်တောင်ထိပ်နှင့် ညီမျှသောအရပ်ဝယ် “တာဝတိံသာ” နတ်ပြည် တည်ရှိ၏။ သိကြားမင်းစံရာ သုဒဿနုခေါ် နတ်မြို့တော်သည် မြင်းမိုရ်တောင်ထိပ်မှာ တည်ရှိသတဲ့။ ယာမာ၊ တုသတာ၊ နိမ္မာနရတိ၊ ပရမ္မိတ၀သသတ္တိ နတ်ပြည်လေးထပ်ကား မြေကြီးနှင့် လုံးဝမစပ်ပဲ ကောင်းကင်မှာပင် အဆင့်ဆင့်မြင့်ကာ တည်ရှိကြလေသည်။ ဗြဟ္မာ့ဘုံများလည်း ထို့အတူပင်။ (အကျယ်ကိုသိလိုလျှင် သင်္ဂြိုဟ်ဘာသာဋီကာ ၀ီထိမုတ်ပိုင်းမှာကြည့်ပါ။) အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

အချစ်ဆိုတာ

အချစ်ဆိုတာ............... တစ်ခါတစ်လေကျတော့ ကျွန်တော်စဉ်းစားမိတယ် အချစ် ဆိုပုရုတ်လုံးနဲ့ တူသလားလို့။ ဘာဖြစ်လို့လဲဆိုတာ ကျွန်တော်တို့ အကြောင်းကို ပြန်စဉ်းစားမိပြီး ဒီလိုအတွေးဝင်လာလို့ပဲ။ သူမ နဲ့ ကျွန်တော် ချစ်သူတွေ မဖြစ်ခင်တုန်းက ညတိုင်းဖုန်းဆက်ဖြစ်သလို ၊ သူမ ပြန်ခါနီးကျရင်လည်း ကျွန်တော့်ဆီ အမြဲတမ်းဖုန်းဆက်တယ်။ ပြီးတော့ သူမ ကျွန်တော့်ဆီကို တစ်ပတ် ၁ ရက်လောက် အမြဲတမ်းလာတတ်တယ်။ ရည်းစားဖြစ်ပြီးတော့ ကျွန်တော်တို့ ကြားထဲမှာ ရှိတဲ့ စည်းက နည်းနည်းခြင်းဆီ အေးခဲသွားပြီး ပိုမိုခိုင်မြဲလာတယ်လို့ ကျွန်တော် ထင်မိတယ်။ ကျွန်တော်တို့ နှစ်ယောက် ညတိုင်းဖုန်းမဆက် ဖြစ်ကျသလို သူမလည်း သူမပြန်ခါနီးတိုင်း ကျွန်တော့်ဆီ ဖုန်း အမြဲတမ်း မဆက်တော့ဘူး။ ဒါတွေကလည်း ကျွန်တော်အထင် တစ်ယောက်နဲ့တစ်ယောက် ချစ်သူတွေ ဖြစ်သွားပြီဆိုတော့ ယုံကြည်မှုတွေ ရပြီး အရင်ကလောက် ဖုန်းဆက်ပြီး စိုးရိမ်စရာတွေ ၊ ပြောစရာတွေ သိပ်မလိုအပ်တော့ဘူးလို့ ကျွန်တော် ထင်တယ်။ ပြီးတော့ ကျွန်တော့်တို့ ၂ ယောက်ဟာ ရည်းစားတွေဆိုပေမယ့် ၂ ယောက်တည်းတွေ့တဲ့ အချိန်တွေက အရမ်းနည်းတယ်။ တစ်ပတ် မှာ ၁ ရက်ကိုတောင် အနိုင်နိုင်။ ဒါတွေက အနေတွေ ဝေးနေကြလို့လားဆိုတော့လည်း မဟုတ်ဘူး။ ရုံး ၂ ရုံးက လမ်းလျှောက်သွားရင်တောင် ၁၀ မိနစ်တောင် မကြာဘူး။ ပြီးတော့ ဖုန်းပြောကြရင်လည်း သူများသမီးရည်းစားတွေလို အချစ်အကြောင်းတွေ သိပ်မပြောဖြစ်တော့ပဲ ဘ၀ အကြောင်းတွေ ၊ ပြဿာနာတွေ အကြောင်းပြောတာ များလာတယ်။ အရင်ကလောက် Romantic မဖြစ်တော့ဘူးလို့ ပြောရမလားပဲ။ ဒါပေမယ့် ၂ ယောက်တည်းတွေ့ကြတဲ့ အခါကျရင်တော့ မနေ့တနေ့ကမှ အဝေးကနေ ပြန်ရောက်လာကြတဲ့ သမီးရည်းစားတွေလည်း စကားတွေ ဖောင်ဖွဲ့စွာပြောကြပြီး အရမ်းကို ကြည်နှုးနေကြတဲ့ စုံတွဲတွေလို ဖြစ်နေကြတယ်။ ဘာဖြစ်လို့လဲတော့ ကျွန်တော်လည်း ညဏ်မီသလောက် စဉ်းစားလို့ မရတော့ဘူး။ လင်းသူရ

Friday, November 16, 2012

"ဘားကုဒ်တွေကို ဘယ်လို ဖတ်ကြမလဲ "

"ဘားကုဒ်တွေကို ဘယ်လို ဖတ်ကြမလဲ " လူတိုင်းဟာ ပစ္စည်းရဲ့ တံဆိပ် ကလေးတွေကို ကြည့်ပြီး ဝယ်လေ့ရှိ ပါတယ်။ ၄င်း ပစ္စည်းရဲ့ နောက်ကျော ဘက်မှာ ရေးထားတဲ့ ကုဒ်ကိုတော့ ဖတ်လေ့ဖတ်ထ မရှိသလောက်ပါပဲ။ တခါတရံမှာ ပစ္စည်း ထုပ်ပိုးထားတာရဲ့ ဗူးဆိုလျှင် အောက်ခြေလောက်မှာ ခေါင်းလျှော်ရည်ဆိုလျှင် ဘေးမှာ စသည်ဖြင့် ဘားကုဒ်ကလေးတွေ ရှိတတ်ကြပါတယ်။ ထိုဘားကုဒ်ကလေးတွေကို ကြည့်ခြင်းအားဖြင့် ဒီပစ္စည်းဟာ ဘယ်ကလာတယ် ဆိုတာကို သိနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးအစားတိုင်းမှာ တွေ့နိုင်မယ်လို့တော့ သင်တွေးထားလို့ မရပါဘူး။ ဥပမာ ဘယ်နိုင်ငံမှာ ပြုလုပ်ပြီး ဘယ်မြို့မှာ ပြုလုပ်တယ်ဆိုတာကို သင်သိနိုင် ပါတယ်တဲ့။ ဥပမာအားဖြင့် ဂဏန်းရဲ့ ပထမ သုံးလုံးကို ကြည့်လိုက်ပါ။ အဲဒီမှာ 690, 691 or 692 တွေနဲ့ စထားလျှင် ကျနော်တို့ရဲ့ ချစ်စွာသော ပေါက်ဖော်ကြီး တရုပ်က ထုတ် လုပ်တာဖြစ်ပြီး ၄၇ နဲ့ စထားတယ်ဆိုလျှင်တော့ ထိုင်ဝမ်က ထုတ်တာပါ။ ဗဟုသုတ အနေနဲ့ အောက်ပါ ဘားကုဒ်ကလေးမှာကို ဖတ်ကြည့်လိုက်ပါဦး 890......MADE IN INDIA 690, 691, 692 ...တရုပ် 00 - 09 ... USA and CANADA 30 - 37 ... FRANCE 40 - 44 ... GERMANY 471 ........ Taiwan 49 .......... JAPAN 50 .......... UK Ko Thityaraik

ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာတတ်အမျိုးသမီးတစ်ဦးတို့  ပြောဆိုချေပမှု

ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာတတ်အမျိုးသမီးတစ်ဦးတို့  ပြောဆိုချေပမှု နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အတွက် စေ့စပ်ဆွေးနွေးပွဲမှာ ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာတတ် အမျိုးသမီးတစ်ဦးတို့ မီဒီယာများရှေ့၊ တူရကီသံအမတ်ကြီးရှေ့၊ မြန်မာအစိုးရခေါင်းဆောင်များရှေ့တွင် အပြန်အလှန်ပြောဆိုဖြစ် ခဲ့သော စကားများထဲမှ တစ်ခုသော ပြောဆိုချေပမှုတစ်ခုကိုရွှေမြန်မာမီဒီယာဂရုမှ တင်ပြလိုက်ပါတယ်။ ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်။ ။အစပိုင်းတုန်းက အမေရိကတိုက် ဆိုတာ ရက်အင်ဒီးယန်းတွေပဲရှိနေခဲ့တာ။ နောက်ပိုင်းကျမှ အင်္ဂလိပ်တွေ အမေရိကတိုက်ကို သိမ်းပိုက်နိုင်ခဲ့တာပဲ။ ဘယ်သူတွေက အင်္ဂလိပ်တွေကို ကျူးကျော်သူတွေလို့ ပြောကြလဲ။ အခုလည်း ဒီအတိုင်းပေါ့။ ရခိုင်ပြည်ရဲ့ ဘူးသီးတောင်၊ မောင်တောနယ်မှာ အရင်က ရခိုင်တွေရှိနေခဲ့တယ် ဆိုပေမယ့် အခု ကျုပ်တို့ မူဆလင်တွေရှိနေပြီ။ ကဲ- အဲဒီတော့ အဲဒီမြို့နယ်တွေကို အခုဘယ်သူပိုင်သင့်ပြီလဲ။ ခင်ဗျားတို့တွေစဉ်းစားတော့။ ရခိုင်ပညာတတ်အမျိုးသမီးတစ်ဦး။ ။အမေရိကန်အခြေအနေနဲ့ အခုရခိုင်ပြည်အခြေ အနေနဲ့ လုံးဝမတူပါဘူး။ အမေရိကန်နိုင်ငံမှာ အဲဒီခေတ်အခါက ရှိနေခဲ့တဲ့ ရက်အင်ဒီးယန်း တွေဟာ ခိုင်မာတဲ့ ယဉ်ကျေးမှုတွေ မရှိခဲ့ပါဘူး။ ခိုင်မာတဲ့ ဘာသာတရားမရှိခဲ့ပါဘူး။ ခိုင်မာတဲ့ အုပ်ချုပ်မှုအဖွဲ့အစည်းတစ်ခုမရှိခဲ့ပါဘူး။ လုံလောက်တဲ့အသိဥာဏ်ပညာဆိုတာ မရှိခဲ့ပါဘူး။ အဲဒီတော့ အင်္ဂလိပ်တွေ အမေရိကန်နိုင်ငံကို သိမ်းပိုက်လိုက်တာဟာ သူတို့ ရက်အင်ဒီးယန်းလူရိုင်းတွေကို လူယဉ်ကျေးဖြစ်အောင်လုပ်ပေးတဲ့အတွက် သူတို့တွေရဲ့ ကျေးဇူးရှင်တွေလို့တောင်ပြောလို့ရပါတယ်။ အခုရခိုင်ပြည်မှာက ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ အုပ်ချုပ်မှုတွေ၊ အုပ်ချုပ်သူတွေ ခိုင်ခိုင် မာမာရှိနေတယ်။ ဘင်္ဂါလီမူဆလင်တွေဆိုတာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်မှ ရခိုင်ပြည်ထဲသို့ ခိုးဝင်လာသူတွေဖြစ်ကြောင်း ကျွန်မတို့မှာ အထောက်အထား အပြည့်အစုံ ရှိပါတယ်။ သူတို့တွေကို ကြည့်လိုက်ရင်လည်း အလိမ်အညာတွေဗရပွနဲ့ ကမ္ဘာကို ပရိယာယ်ကြွယ်ကြွယ်နဲ့ ငိုပြကြတယ်။ ရက်စက်ကြမ်းတမ်းစွာ ဒေသခံတွေကို သတ်ဖြတ်ခဲ့ကြတာ ငြင်းမရနိုင်တဲ့အချက်ပါ။ အဲဒီလိုအန္တရာယ်တွေ၊ ခြိမ်းခြောက်မှုတွေကို ကြိမ်ဖန်များစွာ ပြုလာကြတဲ့အခါ ဒေသခံ ရခိုင်တွေကလည်း အသက်ဘေးစိုးရိမ်ကြတဲ့အတွက် ဘူးသီးတောင်၊ မောင်တောနယ်တွေ က ထွက်ပြေးကြတယ်။ အဲဒီလို သူတို့တွေကို ကြောက်ပြီးထွက်ပြေးသွားအောင် အကွက်ချပြီးလုပ်ကြတာကို။ အဲဒီတော့ ဘင်္ဂါလီတွေကို ဘူးသီးတောင်၊မောင်တောနယ်တွေကို ပေးဖို့ ဆိုတာ ကတော့ လုံးဝကို မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုလိုပါပဲ။ ကျွန်မပြောချင်တာ ဒါပါပဲ။ လင်းသူရ

Tuesday, October 23, 2012

နှလုံးသား မတူသူများ 

 

ငါ့ ဘဝ
ငါ့ ဖြစ်ရပ်
ငါ့ အကြောင်းထဲ
မကြာခဏ
ရောက်ရောက်လာပြီး
ခေါက်တုံ့ခေါက်ပြန်
အားမနာ လျှာမကျိုး
ဝေဖန်အမိန့်ပေးသံနဲ့
ကောင်းကင်က မြေပြင်ကိုငုံကြည့်သလို
ငါ့ကိုလာလာပြီး မကြည့်ပါနဲ့
တောင်းပန်ပါတယ် ။


လှပတဲ့ တောင်ပေါ်မြို့
မင်းရောက်ခဲ့သလား
ရိုးရာမပျက်တဲ့ အင်းလေးကန်အလှ
မင်း မြင်ဖူးခဲ့သလား
လမ်းဆုံး ရွာမတွေ့
နေရာဒေသကို
အထာကြီးနဲ့ ဆရာကြီးစကားတွေ
လာလာပြီးမပြောပါနဲ့
ချိုနေတဲ့ နား
မခါးရအောင် ဝေးဝေးကသာ
ရှောင်သွားပါလား။
ဘယ်လိုပဲပြောပြော
သဘောမပေါက်ဘူးဆိုရင်တော့
ကျွဲနား စောင်းတီးခဲ့တဲ့
ကျွန်မပါပဲ
ပိုးလဲကုန်ပြီ
မောင်ပုံ ဘာမှမတတ်တာ
သင်ဆရာအပြစ်ပဲရှိပါစေတော့
ရှိစေတော့ ။

လမ်းတူကိုလျှောက်နေပါလျှက်
မင်းနဲ့ငါ ကွာဟနေတာ
သိပါရဲ့လား
အဲတာ ရင်ထဲက
နှလုံးသားပါပဲ ။
 
..............လင်းသူရ................


ငါတို့ဘုရား


ကဆုန်လပြည့် နေ့သောကြာ
ဘုရားဖွားတဲ့ နေ့မြတ်ပါ
သက္ကရာဇ်မှာ ခြောက်ဆယ်ရှစ်
သုဒ္ဓေါမင်း ဖစစ်၊
မာယာဒေ၀ီမွေးမယ်တော်
ကပိလ၀တ်နေပြည်တော်
သာကီမျိုးနော်ထင်ရှားလှ
နွယ်တော်ဂေါတမ၊
သိဒ္ဓိတ္ထတဲ့မည်နာမံ
16-နှစ်မှာထီးနန်းစံ
နှစ်ဆယ့်ကိုးမှာ တောထွက်သွား
၆-နှစ်ကျင့်တရား၊
သုံးဆယ့်ငါးနှစ် ပြည့်လေတုံ
တရားသုံးခု ကြုံ
လပြည့်ကဆုန်း ဗုဒ္ဓဟူး
ဘုရားဖြစ်တဲ့ နေအထူး ၊
တရားဦးမြတ် ဓမ္မစက္ကေ
ဝါဆိုလပြည့်ဟောစနေ
သက်တော်ရှစ်ဆယ် တိုင်အောင်ထိ
သတ္တ၀ါ အကျိုးသယ်ပိုး၏၊
သောင်းတိုက်မှုးကြီး တို့မြတ်စွာ
ဘုံသုံးပါးလုံးထင်ရှားပါ
လူနတ်ဗြဟ္မာ လွန်ကျော်ကြား
ငါတို့ဘုရား ဒို့ဘုရား
ငါတို့ဘုရား ဒို့ဘုရား။ ။ ။

အလွမ်းမိုးစက် ကဗျာတွေတိုးကာဖက်

                         အလွမ်းမိုးစက် ကဗျာတွေတိုးကာဖက်

 

 

 

အော်
အလွမ်းမိုးစက်တွေ
တဖျောက်ဖျောက်နဲ့ကျနေလေတော့
ကဗျာတွေ တိုးပြီးရင်း တိုးလို့
ရင်ဘတ်ထဲထိုးဖောက်ဝင်လာပြန်ရော
ကာရံတွေမိုးထားတဲ့
ကောင်းကင်ပျိုမှာ
ညိုတိုတို
သံယောဇဉ် တိမ်တောင်ထုတွေက
စိတ်ဆိုး မာန်တိုး
အငြိုးများနဲ့
ဖွဲ့နွဲ့ကာ
ကြလိုက်ပြန်တော့
ဝသန်ရာသီ
အလွမ်းမိုးစက်တွေ
တဖွဲဖွဲဆိုပေမယ့်လဲ
ကဗျာတွေ သည်းသည်းမည်းမည်း
ဒီရင်ခွင်ထဲ
တောက်လျှောက်ရောက်လာပါရဲ့လေ
ပန်းကဗျာလေလား
အလွမ်းကဗျာလေပဲလား
ခွဲခြားမသိလဲ
ရင်ဘတ်ထဲထိအောင်သူရောက်ခဲ့ပါရောကွယ်
အကြင်နာတွေပြပြပြီးလဲ
သံယောဇဉ်မိုးစက်တွေ
သူဖန်ဆင်းတတ်နေပြီ
အုံ့အုံ့ဆိုင်းဆိုင်း
မိုးသားတိမ်ထုထဲ
နေရောင်ခြည်
မကျဲတကျဲလေးတိုးဝင်လာခဲ့ရင်
ချစ်သူကိုတမ်းတတတ်နေပြီး
နှလုံးသားထဲအလွမ်းတွေ
တငွေ့ငွေ့ကျန်နေပြန်ပြီ
မင်းရင်ဘတ်အခွံကြီးသက်သက်အရောက်လာခဲ့လဲ
ချစ်သူ ငါ့ နှလုံးသားထဲမှာ
မင်းအတွက် ကဗျာတွေအများကြီးပါကွယ် ။


လင်းသူရ